မိန်းမတစ်ယောက်နဲ့အတူဟိုတယ်ခန်းအတွင်းဝင်သွားခဲ့တဲ့ ရွန်းနီရဲ့ကျော်မကောင်း၊ ကြားမကောင်းလုပ်ရပ်

မိန်းမတစ်ယောက်နဲ့အတူဟိုတယ်ခန်းအတွင်းဝင်သွားခဲ့တဲ့ ရွန်းနီရဲ့ကျော်မကောင်း၊ ကြားမကောင်းလုပ်ရပ်

လက်ရှိဒီစီယူနိုက်တက်အသင်းမှာ ကစားလျက်ရှိနေတဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဝိန်းရွန်းနီဟာ ဒေသစံတော်ချိန် မနက် (၅) နာရီခွဲအချိန်ခန့်မှာ အမည်မသိမိန်းမတစ်ယောက်နဲ့အတူ ဟိုတယ်အခန်းအတွင်း ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ အသက် (၃၃) နှစ်အရွယ်ရှိ အဆိုပါတိုက်စစ်မှူးဟာ ဒီစီယူနိုက်တက်အသင်းဖော်တွေနဲ့အတူ ပါတီပွဲတစ်ခုကို သွားရောက်ခဲ့ပါတယ်။

အဲဒီမှာ အမျိုးသမီးတစ်ဦးနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ ဟိုတယ်အခန်းတစ်ခုအတွင်း အတူတူဝင်သွားခဲ့တယ်လို့ အင်္ဂလန်နာမည်ကျော် ထိပ်တန်းမီဒီယာ The Sun က ဓာတ်ပုံတွေနဲ့တကွ အမိအရ ဖော်ပြလာတာဖြစ်ပါတယ်။

ပီးခဲ့တဲ့တနင်္ဂနွေက ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဒီစီယူနိုက်တက်အသင်းဟာ ဗန်ကောဗာအသင်းကို (၃-၁) ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပြီးနောက် ရွန်းနီတို့ဟာ ပါတီပွဲသွားရောက်ကာ မိန်းမတစ်ချို့နဲ့ ရင်းရင်းနှီးနှီးရှိနေကာ စကားတွေပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

The Sun ရဲ့ဖော်ပြချက်အရ ရွန်းနီဟာ အသင်းဖော်တွေနဲ့ သောက်စားပျော်ပါးနေခဲ့ကြောင်း၊ နာရီပိုင်းအကြာမှာ မိန်းမတစ်ယောက်နဲ့ ဟိုတယ်အခန်းအတွင်း ဝင်သွားခဲ့ကြောင်း သိရပါတယ်။ အဲဒီသတင်းကို ကြားခဲ့ပြီးနောက်မှာ ဇနီးကောလင်းဟာ စိုးရိမ်သွားပြီး ရွန်းနီကို အင်္ဂလန်ကို ပြန်လာရန် ပြောခဲ့ပါတယ်။

ဘယ်လောက်အထိအောင်လဲဆိုရင် ကောလင်းဟာ ဒီစီယူနိုက်တက်အသင်းနဲ့ ချက်ချင်းစာချုပ်ဖျက်သိမ်းကာ အင်္ဂလန်ကို အခုပဲပြန်လာတော့ရန်ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ ကောလင်း ကိုယ်ဝန်ဆောင်ချိန်တုန်းကလည်း ရွန်းနီဟာ တခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့ဖူးတာဖြစ်ပါတယ်။ ဒါကြောင့် ကောလင်းဟာ ရွန်းနီအနေနဲ့ နောက်တစ်ခါထပ်ပြီး ဖောက်ပြန်မှာကို စိုးရိမ်နေခဲ့တာဖြစ်ပါတယ်။


Ref: The Sun

Oz11(မိုမိုလေး)

Comments are closed.