ချစ်သူဖြိုးလေးတောင် ကြွေသွားတဲ့ ဝါဆိုမိုးဦးရဲ့ အလန်းစား ပုံရိပ်တစ်ချို့

ချစ်သူဖြိုးလေးတောင် ကြွေသွားတဲ့ ဝါဆိုမိုးဦးရဲ့ အလန်းစား ပုံရိပ်တစ်ချို့

ညှို့အားပြင်းလွန်းတဲ့ စွဲမက်ဖွယ် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ နိုင်ငံခြားမော်ဒယ်တစ်ဦးလို အထာကျလွန်းသူမို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ အလှပုံလေးတွေရိုက်ရတာလည်း ဝါသနာပါတဲ့ ဝါဆိုကတော့ မကြာခဏဆိုသလို သူမရဲ့အလန်းစားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ ဝါဆိုက ချစ်သူဖြိုးလေးတောင် ကြွေဆင်းသွားရလောက်အောင် ဂေါ်တဲ့ အမိုက်စားပုံရိပ်တွေကို တင်လိုက်တာ တွေ့ရပါတယ်။ သေချာကြည့်လေ အရမ်းလန်းလေဖြစ်တဲ့ ဝါဆိုမိုးဦးရဲ့ပုံရိပ်တွေကတော့ တော်တော်လေးကို အထာကျလွန်းပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ရုတ်တရက်ကြည့်ရင် နိုင်ငံခြားသူတွေလားလို့တောင် အထင်မှားရလောက်အောင်ကို ဂေါ်နေတဲ့ ဝါဆိုမိုးဦးရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝါဆိုကတော့ “မြို့ထဲမှာ လမ်းလျှောက်ရင်း လျှက်တပြက်ပေါ့❤️❤️❤️” ဆိုပြီး သူမရဲ့ ဂေါ်လွန်းတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

ချစ်သူ ဖြိုးလေးကတော့ ဝါဆိုမိုးဦးရဲ့အလန်းစားပုံရိပ်တွေကို Share ပြီး အရမ်းချစ်တဲ့ အမှတ်အသားလေးနဲ့ ပြန်ဝေမျှထားတာကြောင့် ချစ်သူလေးကို ဘယ်လောက်တောင်ချစ်လဲဆိုတာ သိနိုင်ပါတယ်။

အရမ်းတွေဂေါ်နေပါပြီ ဝါဆိုရယ်…။

ဝါဆိုမိုးဦးကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဝါဆိုမိုးဦးကတော့ ချစ်သူဖြိုးလေးနဲ့အတူ ပျော်ရွှင်စရာ အချစ်ခရီးလမ်းကို အတူဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဝါဆိုမိုးဦးရဲ့ အလန်းစားပုံရိပ်တွေကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Warso Moe Oo’s Facebook

Comments are closed.