သူမရဲ့ ပိုစ့်အောက်မှာ လာဝေဖန်သူကို ပညာသားပါပါ တုံ့ပြန်လိုက်တဲ့ နန္ဒာလှိုင်

သူမရဲ့ ပိုစ့်အောက်မှာ လာဝေဖန်သူကို ပညာသားပါပါ တုံ့ပြန်လိုက်တဲ့ နန္ဒာလှိုင်

လွန်ခဲ့တဲ့ နှစ်(၃၀) ကျော်ဝန်းကျင်က မြန်မာ့အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ကို ပရိသတ်တိုင်းလိုလို ချစ်ကြတာ ဖြစ်ပါတယ်။ စွဲဆောင်မှုရှိပြီး ပြေပြစ်လှပလွန်းတဲ့ နန္ဒာလှိုင်က အခုချိန်ထိလည်း လှသွေးကြွယ်နေဆဲ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ နန္ဒာလှိုင်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေထက် မိသားစုအရေးကိစ္စတွေကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက် အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နန္ဒာလှိုင်က သမီးတွေကို ကျောင်းပို့ပြီးအပြန် မုန့်ဝင်ဝယ်ချိန် ပိုက်ဆံအိတ်ထဲမှာ အကြွေတွေသာ ပါလာတယ်ဆိုပြီး သူမရဲ့ ဖေ့စ့်ဘုတ်မှာ တင်ထားခဲ့ပါတယ်။ ထိုပို့အောက်မှာ အမျိုးမျိူးသော လူတွေက သူတို့ထင်မြင်ရာကို ကောမန့်တွေ ပေးခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက “အင်းးး မျက်ရည်တွေ ကျနေကြတဲ့ မိသားစုပဲ ဒီလောင်တော့ရှိမှာပေါ့😂” ဆိုပြီး လာရောက်ပြောဆိုထားတာကို နန္ဒာလှိုင်က ဒီလို ပြန်လည်တုံ့ပြန်လာခဲ့တာကို တွေ့ရပါတယ်။

နန္ဒာလှိုင်က “ကိုယ့်လမ်းကို ဖြောင့်ဖြောင့်လျှောက်ပါလေ။ သူများကိုလှည့်ကြည့် မနေပါနဲ့။ ခရီးဖင့်ပါတယ်။ ” ဆိုပြီး ပညာသားပါပါ ပြန်လည်တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါသမပါ၊ စိတ်ရှင်းရှင်းထားပြီး သူမကိုလာရောက်ဝေဖန်သူကို အခုလို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းထားတာ တကယ်ကို ပညာတတ်တစိဦး ပီသပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Nandar Hlaing’s fb

Comments are closed.