မက်ဆီကို လိုက်အတုခိုးခဲ့ပေမယ့် မှားယွင်းစွာလွဲချော်သွားခဲ့တဲ့ ရီချာလီဆန်ရဲ့ရယ်စရာဖြစ်ရပ်

မက်ဆီကို လိုက်အတုခိုးခဲ့ပေမယ့် မှားယွင်းစွာလွဲချော်သွားခဲ့တဲ့ ရီချာလီဆန်ရဲ့ရယ်စရာဖြစ်ရပ်

မတူရင် မတုနဲ့ဆိုတာ ဒါမျိုးကိုပြောတာ ဖြစ်ပါလိမ့်မယ်။ အဲဗာတန်တိုက်စစ်မှူးရီချာလီဆန်ကတော့ Ballon d’Or ဆု (၅) ကြိမ်ရ လီယွန်နယ်မက်ဆီရဲ့ အောင်ပွဲခံဟန်ကို အတုခိုးပြီး လိုက်လုပ်ခဲ့ပေမယ့် လွဲချော်ခဲ့ပြီး အများအမြင်မှာ ရယ်စရာသာ ဖြစ်သွားခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ကလပ်အဲဗာတန်အသင်းဟာ လိဂ်ဖလားဒုတိယအဆင့်ပွဲစဉ်အဖြစ် လင်ကွန်းအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ အဝေးကွင်းမှာပဲ (၂-၄) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ လင်ကွန်းအသင်းနဲ့သာ ယှဉ်ပြိုင်ရတာဖြစ်ပေမယ့် မိုက်ကယ်ကိန်၊ ရီချာလီဆန်၊ အီဝိုဘီ၊ ရှနိုက်ဒါလင်၊ ဖေဘီယန်ဒဲလ် အစရှိတဲ့ ကစားသမားတွေကို ထည့်သွင်းအသုံးပြုပြီး ဖိဖိစီးစီးကစားသွားခဲ့တာ ကို တွေ့ရပါတယ်။

လင်ကွန်းအသင်းကလည်း အိမ်ရှင်အသင်းပီပီ မာကျောတဲ့ပုံစံကောင်းနဲ့ အဲဗာတန်ကို တုံ့ပြန်ကစားနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ပွဲအစ (၁) မိနစ်မှာပဲ အိမ်ရှင်လင်ကွန်းတို့ မထင်မှတ်ထားတဲ့ အနေအထားကနေ ဦးဆောင်ဂိုးရခဲ့တဲ့အတွက် အဲဗာတန်တို့ အနည်းငယ်ခက်ခဲခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ အသာစီးကနေ ကစားလာနိုင်ခဲ့တယ်။

ဒီလိုနဲ့ အဲဗာတန်အသင်း ဦးဆောင်ဂိုးတွေရရှိလာခဲ့ပြီး ပွဲချိန် (၈၈) မိနစ်မှာတော့ ရီချာလီဆန်က အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲဒီဂိုးသွင်းယူပြီးနောက်ပိုင်းမှာ ရီချာလီဆန်က မက်ဆီအောင်ပွဲခံခဲ့တဲ့ပုံစံအတိုင်း ဂျာစီကိုချွတ်ကာ ပရိသတ်ဘက်ကို လှည့်ပြခဲ့ပါတယ်။

ဒါပေမဲ့ ရီချာလီဆန်က နာမည်နဲ့ ကျောနံပါတ်ပါတဲ့ဘက်အခြမ်းကို ပရိသတ်ဘက်လှည့်ပြရမယ့်အစား ရှေ့ခြမ်းကိုသာ မှားယွင်းစွာ လှည့်ပြခဲ့တာကို တွေ့ရပါတယ်။ ရီချာလီဆန်ရဲ့ မှားယွင်းစွာ လွဲချော်ခဲ့တဲ့ ဒီဖြစ်ရပ်ကို ပရိသတ်တွေက “မတူရင် မတုနဲ့ဆိုပြီး”အရွှန်းဖောက် စနောက်ခဲ့ကြပါတယ်။

မက်ဆီကို အတုခိုးပြီး အောင်ပွဲခံခဲ့တဲ့ ရီချာလီဆန်

Ref: Sportbible

Oz11(မိုမိုလေး)

Comments are closed.