လေ့ကျင့်ရေးကွင်းမှာ ရာကီတစ်ကို လုံးဝအရှက်ရအောင်လုပ်ခဲ့တဲ့ (၁၆)နှစ်သားလေး ဖာတီရဲ့စကေး

လေ့ကျင့်ရေးကွင်းမှာ ရာကီတစ်ကို လုံးဝအရှက်ရအောင်လုပ်ခဲ့တဲ့ (၁၆)နှစ်သားလေး ဖာတီရဲ့စကေး

အန်ဆူဖာတီဟာ ဘာစီလိုနာရဲ့နာမည်ကျော်လာမာစီယာအကယ်ဒမီရဲ့နောက်ဆုံးပေါ်ထွက်ကုန်ပဲ ဖြစ်ပါတယ်။ ဖာတီဟာ ပြီးခဲ့တဲ့ဘက်တစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအတွက် ပါဝင်ကစားခဲ့ပါတယ်။ ဝင်ရောက်ကစားချိန်မှာ ဖာတီရဲ့အသက်ဟာ (၁၆)နှစ်နဲ့ (၂၉၈) ရက်သာရှိသေးတဲ့အတွက် ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲထွက်ကစားသူအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီအပါအဝင် အဲဒီပွဲက သူ့ရဲ့စွမ်းဆောင်ရည်ကို ဘာစီလိုနာကစားသမားတွေ၊ ပရိသတ်တွေက ချီးကျူးဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဖာကီဟာ လေ့ကျင့်ရေးကွင်းမှာလည်း စီနီယာကစားသမားတွေနဲ့အပြိုင် ကြိုးစားလုပ်ဆောင်နေခဲ့တာပါ။

ပြီးခဲ့တဲ့လေ့ကျင့်ရေး အစီအစဉ်တစ်ခုမှာ ပြသခဲ့တဲ့ ဖာတီရဲ့စကေးတွေကို ပရိသတ်တွေ သဘောကျလျက်ရှိနေကြတာပါ။ ဖာတီဟာ လေ့ကျင့်ရေးကွင်းရဲ့ နှစ်ဖက်ခွဲကန်တဲ့ပွဲစဉ်တစ်ခုမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဖာတီကို စီနီယာကစားသမားတွေတောင် ထိန်းချုပ်နိုင်ခြင်းမရှိခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ကွင်းလယ်လူရာကီတစ်ဟာ ဖာတီကိုထိန်းချုပ်ဖို့ကြိုးစားရင်းပဲ လဲကျသွားခဲ့ရတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအတွက် ဖာကီရဲ့ လေ့ကျင့်ရေးကွင်းက စကေးဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ရပါတယ်။ မျက်တောင်တစ်ချက် ခတ်လိုက်မိရင်တောင် နောင်တအကြီးအကျယ်ရသွားနိုင်တဲ့ သင်ဇာဝင့်ကျော်ရဲ့အကြမ်းစားပုံရိပ်တွေ

လေ့ကျင့်ရေးကွင်းမှာ ရာကီတစ်ကို စကေးပြခဲ့တဲ့ ဖာတီ

Ref: Sportbible

Oz11(မိုမိုလေး)

Comments are closed.