Ivy လေးကို အေသင်နဲ့ မတူစေချင်တဲ့ အကြောင်း ပြောပြလာတဲ့ အေသင်ရဲ့ မိခင်

Ivy လေးကို အေသင်နဲ့ မတူစေချင်တဲ့ အကြောင်း ပြောပြလာတဲ့ အေသင်ရဲ့ မိခင်

ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ အဆိုတော်၊ သရုပ်ဆောင် အေသင်ချိုဆွေဟာ အသက်ငယ်ဆုံး အမျိုးသမီး အဆိုတော်အဖြစ်နဲ့ ပရိသတ်တွေကြားမှာအောင်မြင်ခဲ့ပါတယ်။ သူမက ၉တန်းကျောင်သူဘဝထဲက သီချင်းတွေသီဆိုခဲ့ပြီး သူ့ရဲ့သီချင်းတွေက လူငယ်တွေကြားမှာ အရမ်းကို အောင်မြင်နေတာလဲ ဖြစ်ပါတယ်။ သူမဟာ အဲ့ဒီနောက်ပိုင်းမှာတော့ သီချင်းတွေမှာသာမက ရုပ်ရှင်ဇာတ်ကားတွေပါရိုက်ကူးလာခဲ့တာလဲ ဖြစ်ပါတယ်။

အဲ့ဒီလို ငယ်ရွယ်တဲ့ အချိန်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုကို ထိန်းမထားနိုင်ဘဲ လမ်းမှားကိုရောက်သွားခဲ့ရတယ်လို့လဲ သူမက အနုပညာလမ်းကြောင်းပေါ်ပြန်လည် ရောက်ရှိလာချိန်မှာ ပြောပြခဲ့ဖူးပါတယ်။ ဘယ်လိုတွေဘဲ မှားယွင်းနေပါစေ သူမအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရုန်းကန်သွားမှာဖြစ်ပြီး Single Mom အဖြစ်နဲ့ သမီးလေး Ivy လေးကိုလဲ ထိန်းသိမ်းစောက်ရှောက်သွားမယ်လို့လဲ အမြဲပြောလေ့ရှိပါတယ်။ ပရိသတ်တွေကလဲ သူမရဲ့ မိခင်စိတ်ကို လေးစားချီးကျူးခဲ့ကြတာဘဲ ဖြစ်ပါတယ်။

သူမကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးကူညီပေးခဲ့တဲ့ အေသင့် မိခင်ဖြစ်သူကတော့ Ivy နဲ့ အေသင်ချိုဆွေနဲ့ကို မတူစေချင်တဲ့ အချက်တွေရှိတယ်လို့ ပြောပြလာပါတယ်။ သူမပြောခဲ့တဲ့ အရာတွေကတော့ “ ကိုယ်ကဆိုးခဲ့ရင် ကိုယ့်သမီးက ကိုယ့်ကိုပြန်ဆိုးတက်တယ် လို့ အဲ့လိုမျိုးလေးသူ့ကိုပြောပြနေတာပါ တစ်ခါတစ်လေကြတော့လဲ ကိုယ့်ဖြစ်ချင်သလိုဖြစ်လာတာမဟုတ်ဘူးလေ သူဖြစ်ချင်သလိုဖြစ်သွားတာ”

“ ဘဝက တခါတလေကြတော့လဲ မထင်မှတ်တာတွေဖြစ်တက်တယ် အေသင်လဲ မထင်မှတ်ဘဲဖြစ်သွားတာလေ မြေလေးမှာတော့ အဲ့လိုတွေ မဖြစ်စေချင်ဘူး မတူစေချင် အမေကို ဂျစ်ကန်ကန်လုပ်တာ မျိုးတွေ မတူစေချင်ဘူး” လို့လဲ အဖွားတစ်ယောက်ရဲ့ မြေးမလေးအပေါ်ထားတဲ့ စိတ်ကိုပြောပြလာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Ivy ကို ချစ်ပေးကြတဲ့ အကြောင်းကိုလဲ “ခုကမျိုးရိုးလိုက်ချစ်နေကြတာ Ivy ကို ချစ်တော့ ဝမ်းသာပါတယ်။ သူ့မှာ လက်ဖက်ရည်ဆိုင်သွားသွား၊ စားသောက်ဆိုင်သွားသွား သူ့ကိုမသိတဲ့သူမရှိဘူး လူတွေက သူ့ကိုဝိုင်းကြည့်ပြီး ဝိုင်းသိနေကြတယ် အော် သူလဲတော်တော်လေးလူသိများတာဘဲ ဆိုပြီးအံ့သြနေတာ” ဆိုပြီးလဲ မြေးမလေးရဲ့ ပေါ်ပြူလာဖြစ်တဲ့ အကြောင်းကိုလဲပြောပြလာခဲ့ပါတယ်။

သမီးလေး Ivy က လက်ရှိမှာတော့ အသက်နှစ်နှစ်အရွယ် သမီးလေးဖြစ်နေပြီး အရမ်းတက်အရမ်းလည်နေတဲ့ အရွယ်လေးပေါ့။ သမီးလေးနဲ့ အေသင့်ကိုချစ်တဲ့ ပရိသတ်တွေက ဒီအကြောင်းအရာလေးကို မျှဝေပေးသွားကြပါဦးနော်။ ဖတ်ရှု့ပေးသာတွေကိုကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – MoMolay Tv

Comments are closed.