စနောက်တတ်တဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေကြားမှာ ကလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ ပိုင်ဖြိုးသု

စနောက်တတ်တဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေကြားမှာ ကလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ ပိုင်ဖြိုးသု

အနုပညာနဲ့ပတ်သတ်ရင် သူမရဲ့စိတ်ကို အကုန်နှစ်ပြီး ကြိုးစားတတ်တဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ လက်ရှိမှာ မိသားစုနဲ့ ခဏခွဲပြီး အမေရိကန်မှာရှိတဲ့ New York Film Academy ကျောင်းမှာ ပညာတွေ သင်ယူနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက သင်တန်းလည်း ပြီးတော့မှာမို့ နိုင်ငံခြားမှာ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ အမှတ်တရ ဓါတ်ပုံတွေ ထွက်ရိုက်ဖြစ်တဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ စစနောက်နောက်နဲ့ ပျော်ရွှင်တတ်တဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေကြားမှာ ကလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ ပိုင်ဖြိုးသုကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် နယူးယောခ့်မှာ ကျောင်းတက်ရင်း ခင်မင်တတ်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရလို့ ပျော်နေတဲ့ ပိုင်ဖြိုးသုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်ဖြိုးသုကတော့ ‘သင်တန်းကာလပြီးတော့မယ်ဆိုတော့ သူငယ်ချင်းတွေနဲ့အမှတ်တရ ဓါတ်ပုံထွက်ရိုက်ကြတာ…ဝေးဝေးလံလံကြိုးစားပမ်းစား ကျောင်းရှေ့ကပန်းခြံမှာတောင် သွားရိုက်ထားရတာ 😂😂😂NYFAက Acting For Film class ထဲကကျောင်းသားတွေကို ဘယ်လောက် assignmentတွေ homework တွေပေးတယ်ခိုင်းတယ်ဆိုတာ ‌အဲဒီ့ကျောင်းရှေ့ကပန်းခြံကို‌တောင် အဲဒီ့နေ့မှကိုယ်တွေရောက်ဖူးကြတာ 😁 တစ်နေ့တစ်နေ့မိုးလင်းမိုးချုပ်ကျောင်းထဲမှာပဲအချိန်ကုန်ကြတာ 😏Starring Nat, Jo, Mo, Paula, Tai & Daw Thu 🤪🤪🤪Daw Thu’s outfit – UNITED COLORS OF BENETTON” ဆိုပြီး သူမတို့ သူငယ်ချင်းတွေ အမှတ်တရဓါတ်ပုံ အတူတူ ရိုက်ဖြစ်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ချစ်စရာကောင်းတဲ့ နိုင်ငံခြားသူ ချောချောလေးတွေနဲ့ မင်းသမီးချောလေး သုသု…။

အားလုံးထဲမှာ ကလေးလိုဖြစ်နေတဲ့ သုသုကို လိုက်စနေကြတာ ပျော်စရာကြီးနော်…။

ပိုင်ဖြိုးသုတို့ သူငယ်ချင်းတစ်စုရဲ့ အထာကျလွန်းတဲ့ ပိုစ့်တွေကိုမေး…။

ပိုင်ဖြိုးသုကတော့ တစ်လခွဲနီးပါးလောက်ကြာမယ့် သင်တန်းကို နယူးယောခ့်မှာရှိတဲ့ သင်တန်းကျောင်းတစ်ခုမှာ တက်ရောက်နေတာဖြစ်ပြီး၊ သူမရဲ့အနုပညာအတွက် အကောင်းဆုံး ကြိုးစားနေတာပါ။ တစ်ခါတစ်လေ ကျန်းမာရေးမကောင်းရင်တောင် ကျောင်းစာတွေပျက်မှာစိုးလို့ စိတ်ပူတတ်သူလေး သုသုကတော့ တကယ့်ကို ကြိုးစားသူလေးပါပဲနော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဖော်ရွေပြီး သဘောကောင်းတဲ့ နိုင်ငံခြားသား နိုင်ငံခြားသူတွေကြားမှာ ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေရတဲ့ သုသုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Paing Phyoe thu’s Facebook Page
Photo – Aung II Photography

Comments are closed.