ပရိသတ်တွေနဲ့ တရင်းတနှီးရှိချင်လို့ Fan Meeting ပြုမယ့် အိချောပို

ပရိသတ်တွေနဲ့ တရင်းတနှီးရှိချင်လို့ Fan Meeting ပြုမယ့် အိချောပို

မြန်မာပြည်ရဲ့ ပုရိသတွေကြားမှာ နာမည်ကြီးလွန်းလှတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် အိချောပိုက မကြာခင်မှာသူမရဲ့ ချစ်ပရိသတ်တွေနဲ့ တစ်ရင်းတစ်နှီး တွေ့ဆုံနိုင်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ် ။ သူမကို နယ်ကပရိသတ်တွေရော၊ မြို့ပေါ်က ပရိသတ်တွေကပါ အားပေးနှစ်သက်ကြတာဖြစ်ပြီး သူမကတော့ အနုပညာပျိုးခင်းရဲ့ တင်မြှောက်မှုနဲ့ အနုပညာလောကထဲကိုရောက်ရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက်လဲ ဖြစ်ပါတယ်။ သူမက ဘယ်ဇာတ်ရုပ်မှာမဆို ပရိသတ်တွေရဲ့ ရင်ထဲကို ထိတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အောင်မြင်ပြီးရင်းအောင်မြင်နေတာဖြစ်ပါတယ်။

သူမရဲ့ အောင်မြင်မှုတွေ ကို အဒွန့်ရှည်စေဖို့ အားပေးတဲ့ ပရိသတ်ကြီးအတွက် Fan Meeting လုပ်မယ့်အကြောင်းကို “ Fan Meeting ကနယ်ကပရိသတ်တွေနဲ့လဲမတွေ့ရတာကြာပြီ ပျော်ပျော်ပါးပါး ဖန်တွေအတွက် လွတ်လွတ်လပ်လပ် ပွဲလေးလုပ်ပေးချင်တယ်။ ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး တရင်းတနှီးနေချင်တာကြောင့် လုပ်ဖြစ်တာပါ ဖန်တွေပျော်ရဖို့ ပါဘဲ၊ဒါက ဒုတိယအကြိမ်ပါ။ ကိုယ်မတွေ့ဖူးတဲ့ဖန်တွေ နဲ့ လဲ တွေ့ရမှာ ဆိုတော့ ရင်ခုန်တယ်” လို့ ဆိုပြီး ပြောကြားခဲ့ပါတယ်။

အိချောပို ဟာ ဗီဒီယိုခေတ်ကလဲ ဗီဒိယိုကားတွေ များစွာ ရိုက်ကူးပုံဖော်ခဲ့သလို၊ ယခု ရုပ်ရှင်ကားတွေလဲ များစွာရိုက်ကူးလာရပြန်ပါတယ်။ မကြာသေးခင်ကမှလဲ အချစ်ဆုံး Crush ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရုံတင်တော့မှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – MoMolay Tv

Comments are closed.