သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အဖေ့ဆီက ပညာတစ်ချို့ရခဲ့တယ် ဆိုတဲ့ သဇင်ထူးမြင့်

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အဖေ့ဆီက ပညာတစ်ချို့ရခဲ့တယ် ဆိုတဲ့ သဇင်ထူးမြင့်

ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အချိန်အတိုအတွင်း ရရှိခဲ့တဲ့ သရုပ်ဆောင် သဇင်ထူးမြင့်ဟာ ၂၀၁၈ခုနှစ်အတွက် ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ရွှေကြိုနေရာမှာ ပါဝင်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ အားပေးတဲ့ ပရိသတ်တွေကြောင့် အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့ပါတယ်။ သူမ ဟာ ဖခင်ဖြစ်သူဦးခင်လှိုင်ရဲ့ ညွှန်ကြားမှုတွေကိုလဲနားထောင်ပြီး သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် အစွမ်းကုန်ကြိုးစားပြင်ဆင်နေတာလဲ ဖြစ်ပါတယ်။

သူမက ပထမဆုံးအနုပညာလှုပ်ရှားမှုအနေနဲ့ရွှေကြိုအလုပ်ကို စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ MV တွေ၊ကြော်ငြာတွေ များစွာရိုက်ကူးလာရကာ ယခုအခါမှာတော့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေရိုက်ကူးတော့မှာဖြစ်ပါတယ်။ သူအနုပညာအလုပ်တွေကို လုပ်ဆောင်လာတာဟာ ၂၀၁၉ခုနှစ်မှာဖြစ်တာကြောင့် ယခုလို အောင်မြင်လာတဲ့ နှစ်က သူမအတွက် ကံအကောင်းဆုံးဘဲလို့လဲ ဆိုလာပါတယ်။

သူမပြောထားတာလေးကတော့ “ ၂၀၁၉ကို အရမ်းသဘောကြတယ် မထင်မှတ်ထားတာလေးတွေ ဖြစ်လာတယ် ကံလဲအရမ်းကောင်းလာတယ် စန်းလဲအရမ်းတက်လာတယ် အရမ်းလဲဝမ်းသာပါတယ်။ ကင်မရာအယူအစတွေ ပြင်ဆင်ထားရမယ် ဘာဘဲဖြစ်ဖြစ်လက်ခံနိုင်ရမယ်ဆိုတဲ့ စိတ်က အနုပညာသမားတစ်ယောက်မှာရှိရမယ်လို့ အမြဲသင်ပေးတယ်”

“ ဖေဖေတို့ထက်လူသိတာ ပိုမြန်တယ် ကြိုးစားပေါ့နော် အောင်မြင်နိုင်တယ်။ ပရိသတ်က အချိန်တိုလေးအတွင်းမှာ ချစ်ပေးလာတော့ သူတို့ချစ်ပေးတာနဲ့တန်အောင်ကြိုးစားပေါ့ ဆိုပြီး အဖေက ဆုံးမတယ်။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ရွှေကြိုပြီးထဲက ရိုက်လာရတယ်။ သီချင်းရိုက်တာဘဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မလုပ်ခင်မှာ အားလုံးကိုသေ ချာလေးပြင်ဆင် ဖြစ်တယ်” လို့လဲသူမကပြောခဲ့ပါတယ်။

ဒါရိုက်တာ စွမ်းပိုင် ရိုက်ကူးမယ့် “ဆုံဆည်းခွင့်” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ခန့်စည်သူ၊ ထက်ယံ၊ အိချောပို၊ ဇွန်သံစဉ်၊ ချစ်စနိုးဆု တို့နဲ့ အတူ သဇင်ထူးမြင့်က ပါဝင်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖတ်ရှု့ပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – momolay tv

Comments are closed.