ဆန့်ကျင်ဘက်ဇာတ်ရုပ်နှစ်ခုနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကိုလှုပ်ကိုင်နိုင်သူလေး ခေးဆက်သွင်

ဆန့်ကျင်ဘက်ဇာတ်ရုပ်နှစ်ခုနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကိုလှုပ်ကိုင်နိုင်သူလေး ခေးဆက်သွင်

“အရိပ်”၊ “လေးစုံတွဲ”၊ “ဥယျဉ်မှူးဖြစ်ဖူးချင်သည်” “Flowers & Butterflies”၊ “သာမိုမီတာ” စတဲ့ ဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးလေး ခေးဆက်သွင်ကလည်း ပရိသတ်တွေ အားပေးခြင်းကို ခံရတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခေးဆက်သွင်က ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်နိုင်တာကြောင့် အနုပညာကဝေမလေးလို့တောင် တင်စားလို့ရပါတယ်။

သူမရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေထဲကမှ “အရိပ်” ဇာတ်လမ်းတွဲမှ အမာညိုဆိုတဲ့ ကာရိုက်တာနဲ့ အခုထုတ်လွှင့်ပြသနေတဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲမှ နှင်းဆိုတဲ့ ကာရိုက်တာကတော့ ပရိသတ်ရဲ့ ရင်ထဲကို နစ်နစ်ရှိုင်းရှိုင်း ရောက်စေခဲ့တာကို တွေ့ရပါတယ်။

ခေးဆက်သွင်က “အရိပ်” ဇာတ်လမ်းတွဲမှာ ရှပ်ပြာပြာနိုင်ပြီး ကလေးဆန်သူ၊ မိသားစုကို ချစ်တတ်လွန်းသူ၊ ယောကျာ်းကို နွဲ့ဆိုးဆိုးတတ်သူ မိန်းကလေး အမာညိုအဖြစ် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုပြသနေတဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲမှာတော့ အတိတ်ဘဝက ကံဆိုးမှုတွေကို ပြည်ဖုံးကာချလိုက်ပြီး အဖေအရွယ်လူကို ယူပြီး လင်ပါသားနဲ့သမီးကို နားလည်မှုအပြည့်နဲ့ စောင့်ရှောက်ပေးတဲ့ နှင်းဆိုတဲ့ အမျိူးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ခေးဆက်သွင်ကတော့ သွက်လက်ပြီး ရှပ်ပြာပြာ ကဲစိန်လေး အမာညိုဆိုတဲ့ ကာရိုက်တာနဲ့ နှင်းဆိုတဲ့ ရင့်ကျက်တည်ငြိမ်တဲ့ မိထွေးတစ်ဦးအဖြစ် ဆန့်ကျင်ဘက် ကာရိုက်တာနှစ်ခုကို သရုပ်ဆောင်ထားတာ ချီးကျူးစရာပါပဲ။ ခေးဆက်သွင်တစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းမှာ ဒီထက်မက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Photo: Khay Sett Thwin’s fb

Comments are closed.