လိပ်ကျွန်းလူသတ်မှုနောက်ဆုံးအယူခံရှုံးနိမ့်၊သေဒဏ်ကို ဆက်လက်အတည်ပြု

လိပ်ကျွန်းလူသတ်မှုနောက်ဆုံးအယူခံရှုံးနိမ့်၊သေဒဏ်ကို ဆက်လက်အတည်ပြု

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျနေသော မြန်မာလုပ်သားနှစ်ဦး၏ နောက်ဆုံးအယူခံကို ထိုင်းတရားရုံးက အမိန့်ချရာ အယူခံရူံးနှိမ့်ပြီး သေဒဏ်ကို ဆက်လက်အတည်ပြုလိုက်ပြီဖြစ်သည်။

winzaw 2

ဘန်ကောက်မြို့ရှိ နွန်ထဘုရီခရိုင်တရားရုံးတွင် တရားသူကြီးက မြန်မာလုပ်သားနှစ်ဦးဖြစ်သော ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ ရှေ့မှောက်တွင် ဖတ်ကြားခြင်း ဖြစ်ကြောင်း အဆိုပါ တရားရုံးရှေ့ရောက်ရှိနေသည့် လိပ်ကျွန်းလူသတ်မှုအရေးဆောင်ရွက်ပေးနေသော မြန်မာသံရုံးအထူးအဖွဲ့မှဦးထူးချစ်က ပြောသည်။

winzaw 3

တရားသူကြီးက ထိုင်းစံတော်ချိန် နံနက် ၁၀နာရီမှစ၍ အမှု့ကို စတင်ဖတ်ကြားပြီး နေ့လည် ၁ နာရီထိ အချိန် ၄ နာရီကြာ ဖတ်ကြားခဲ့ကြောင်း ဦးထူးချစ်က ပြောသည်။

Comments are closed.