တနသာၤရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ရုံးချိန်း ထူးခြား ချက်များ

တနသာၤရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ရုံးချိန်း ထူးခြား ချက်များ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိ သူသုံးဦးတို့ ၏အမှု ၂၅ ကြိမ် မြောက်နှင့် ၂၆ ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်က တိုင်းဒေသကြီးတရားလွှတ်တော်တွင် စစ်ဆေးခဲ့သည်။

ယင်းရုံးချိန်းနှစ်ရက်အတွင်း ထူးခြားချက်များကို ကောက်နုတ်ဖော်ပြလိုက် ပါသည်။ တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးကြည်လှိုင်ကို စစ်ဆေးဦးကြည်လှိုင်သည် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိအမှုဖြင့် တရားစွဲဆိုပြီး မကြာမီ လျှပ်စစ်/ စွမ်းအင်ဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သူ ဖြစ်သည်။

fjnbosdofho 2

လက်ရှိတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် နေသည်။ဦးကြည်လှိုင်ကို တိုင်းအစိုးရနှင့် GGS ကုမ္ပဏီတို့ချုပ်ဆိုခဲ့သည့် လျှပ်စစ် ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကိစ္စ အပါအဝင် အခြား အမှုများအတွက် တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။

GGS နှင့် တိုင်းအစိုးရဖွဲ့တို့အကြား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ချုပ်ဆိုခဲ့သည့် အထက်ပါ စာချုပ်တွင် ဦးကြည် လှိုင်က အသိသက်သေနေရာတွင် လက်မှတ်ထိုးထားသည် ။လျှပ်စစ်ဝန်ကြီးဟောင်း ဦးကြည်လှိုင်က စာချုပ်ကို အသေးစိတ်ဖတ်ရှုခြင်းမရှိဘဲ အကြမ်းဖျင်းသာ ဖတ်ရှုခဲ့ကြောင်း တရားခွင်အတွင်း ပြောသည်။

fjnbosdofho 3

အထက်ပါ စာချုပ်ရှိ အချက်အလက် ရေးသွင်းရမည့် နေရာအချို့တွင် ကွက်လပ်များချ န်လှပ်ထားခဲ့ပြီး ထိုသို့ချန်လှပ်ရခြင်းမှာ ကုမ္ပဏီမှ အင်ဂျင်စက်များ ရောက်ရှိမ ည့်နေ့ရက်၊ အင်ဂျင်ထားရှိမည့် မြေနေရာ၊ အင်ဂျင်စက်၏ လျှပ်စစ်ထုတ် လုပ်နိုင်မည့် မဂ္ဂါဝပ်တို့ကို မတွက်ချက် ရသေးသည့်အတွက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုလိုအပ်ချက်များကို စာချုပ်မချုပ်ဆိုမီ အမှန်တကယ်တွက်ချက်နိုင်/ မနိုင်ကို မသိကြောင်း ဦးကြည်လှိုင်က တရားခွင်အတွင်း ဆိုသည်။စွပ်စွဲခံရသူများ၏ အကျိုးဆောင် ရှေ့နေ မေးမြန်းချိန်တွင် အဆိုပါစာချုပ် ၎င်းင်းထံရောက်ရှိလာချိန်တွင် လုပ်ကိုင် ခွင့်ပြုသူနေရာ၌ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်က လက်မှတ်ထိုးထား ပြီးဖြစ်ကြောင်း ဦးကြည်လှိုင်က ဖြေဆိုသည်။

fjnbosdofho 2

စာချုပ်တွင် ဦးဝင်းရှိန်လက်မှတ်ထိုးထား သည်မှာသေချာပါသလားဟုအ ဆိုပါအကျိုးဆော င်ရှေ့နေက ထပ်မေး ရာ သေချာပါသည်ဟု ၎င်းက ပြောသည်။တိုင်းအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝင်းရှိန်ကမူ အဆိုပါ စာချုပ်ရှိ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ (GGS)၊ အသိသက်သေများ(ဦးကြည်လှိုင် အပါအဝင်) အစရှိသည့်နေရာတွင် လက်မှတ်ထိုးပြီးမှသာ ၎င်းထံစာချုပ် ရောက်လာကြောင်း တရားခွင်အတွင်း ထွက်ဆိုထားသည်။

သက်သေနေရာတွင် လက်မှတ်ထိုးထားသည့် တိုင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်နှင့် တိုင်းလျှပ်စစ် အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏတို့က စာချုပ်တွင် လက်မှတ်ထိုးပြီးဖြစ်သည့်အတွက် စာချုပ်ကို သေချာစွာမဖတ်တော့ဘဲ လုပ်ကိုင်ခွင့်ပြု သူနေရာတွင် လက်မှတ်ထိုးပေးလိုက်ကြောင်း ဦးဝင်းရှိန်က ထွက်ဆိုထားခဲ့သည်။လျှပ်စစ်ဝန်ကြီးဟောင်း ဦးကြည်လှိုင်ကို ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ရောင်းချခြင်းဆိုင်ရာ စာချုပ်ကိစ္စအပြင် အခြားကိစ္စများကိုလည်း စစ်ဆေးခဲ့သည်။

fjnbosdofho 3

ကန်ထရိုက်လုပ်ငန်းလုပ်သည့် ပြင်ပအင်ဂျင်နီယာ ဒေါ်မိမိစံကို စစ်ဆေး…. ဝန်ကြီးချုပ်ဟော င်းဒေါက်တာလဲ့လဲ့မော်၏ ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ မြေကွက်ကို အုတ်ခြံစည်းရိုး ခတ်ခြင်းနှင့် ရေမြောင်း ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းများလုပ်ကိုင်သည့် ပြင်ပအင်ဂျင်နီယာ ဒေါ်မိမိစံကို စစ်ဆေးခဲ့သည်။

ယင်းမြေကွက်အုတ်ခြံစည်းရိုးနှင့် အုတ်ရေမြောင်း လုပ်မည့်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်က ထားဝယ်မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းလဲ့လဲ့ခိုင်က ၎င်းထံ ဖုန်းဖြင့်ဆက်သွယ် လာကြောင်း ဒေါ်မိမိစံက တရားခွင်အတွင်း ထွက်ဆိုသည်။

fjnbosdofho 2

ထိုလုပ်ငန်းများလုပ်ရန် ငွေကြေး စိုက်ထုတ်ထားရန်နှင့် လုပ်ငန်းပြီးစီးချိန် မှ ပြန်တောင်း ပေးမည်ဟု ဒေါ်ဝင်းလဲ့လဲ့ ခိုင်က ၎င်းအားပြောဆိုကြောင်း ပြောသည်။အထက် ပါလုပ်ငန်းများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် စလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် လုပ်ကွက်အနည်းငယ်သာ ကျန်ရှိတော့ကြောင်း ၎င်းက တရားခွင်အတွင်း ဆိုသည်။

ယင်းလုပ်ငန်းများအတွက် လုပ်အားခ ၆၄ သိန်းကျော်၊ ပစ္စည်းဖိုး ၇၃ သိန်းကျော်နှင့် အထွေထွေစရိတ် ၂ သိန်းကျော် စုစုပေါင်း ကျပ်သိန်း ၁၄၀ ကျော်ကို စိုက်ထုတ်ထားခဲ့ ကြောင်း ဒေါ်မိမိစံက ပြောသည်။၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အဂတိကော်မရှင်က ၎င်းအားခေါ်ယူမေး မြန်းသည့်အချိန်အထိ စိုက်ထုတ်ထား သည့် ငွေများကို ပေးချေခြင်းမရှိသေးကြောင်း ၎င်းက ထွက်ဆိုသည်။

fjnbosdofho 3

အဂတိကော်မရှင်က မေးမြန်းပြီး ချိန်မှသာ ရရှိမည့်ငွေကြေးကို ဝန်ကြီး ချုပ်ဟောင်း၏ ခင်ပွန်း ဦးထွန်းမင်းနေ အိမ်၌ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပေးချေ ခဲ့ကြောင်း ဒေါ်မိမိစံက ဆိုသည်။

DDPC ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းအား စစ်ဆေး …ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်နှင့် DDPC ကုမ္ပဏီတာဝန်ရှိသူ နှစ်ဦးကို စွဲဆိုထားသည့် ရာကြီးမှုအမှတ် ၃/၂၀၁၉ အမှုအတွက် တရားလိုပြ သက်သေအဖြစ် DDPC ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းအား စစ်ဆေးခဲ့သည်။

fjnbosdofho 2

ရာကြီးမှု အမှတ် ၃/၂၀၁၉ မှာ GGS ကုမ္ပဏီက နိုင်ငံတော်သို့ ပေးသွင်းရမည့် ဂက်စ်ဖိုး ငွေ အကြွေးကျန်ကိစ္စ ဖြစ်သည်။ဦးကျော်ဝင်းအား DDPC ကုမ္ပဏီ ထားဝယ်ခရိုင် လျှပ်စ စ်ဖြန့်ဖြူးရေး လုပ်ငန်း လုပ်ကိုင်ချိန်က တွေ့ကြုံလုပ်ကိုင် ခဲ့ရသည့် အချက်များကို နှစ်ဘက်အကျိုးဆောင်များက စစ်မေးခဲ့ကြသည်။

Comments are closed.