
ယနေ့မှာပဲ အသက် (၅) နှစ်ပြည့်သွားပြီဖြစ်တဲ့ မွေးနေ့ရှင်သမီးလေး ထိပ်ထားသခင်ရဲ့ ချစ်စရာပုံရိပ်လေးများ
ဒီနေ့ သြဂုတ်လ (၂၉) ရက်နေ့ကတော့ ပရိသတ်အချစ်တော် သရုပ်ဆောင် သမီးလေး ထိပ်ထားသခင်ရဲ့ (၅)နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့မွေးနေ့အတွက် သမီးလေးထိပ်ထားသခင်က မနက်ပိုင်းမှာရွှေတိဂုံဘုရားကိုမိသားစုနဲ့အတူသွားရောက်ပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ပါတယ်..။ ယခုညနေပိုင်းမှာတော့ မွေးနေ့ရှင်သမီးလေး ထိပ်ထားသခင်က အနုပညာရှင်တွေ၊ media တွေနဲအတူ မွေးနေ့ပွဲလေးကိုကျင်းပပြုလုပ်မှာဖြစ်ပါတယ်။



ထိပ်ထားသခင်ရဲ့ မွေးနေ့ပွဲလေးကိုတော့ ရွှေတိဂုံဘုရား အနောက်ဖက်မုခ် Myanmar Culture Valley Park ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်ရှိ ရွှေရင်ပင် စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ချစ်ရတဲ့ အနုပညာရှင်တွေလည်း တက်ရောက်ကြမှာပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်ကြီးအတွက် မွေးနေ့ရှင်လေး ထိပ်ထားသခင်ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။ သမီးလေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောပေးသွားကြပါဦးနော်…..
credit – myanamrload