လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံရှုံးနိမ့်ပြီး သေဒဏ်ကျ မြန်မာလုပ်သားနှစ်ဦးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ဇေရဲထက်

လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံရှုံးနိမ့်ပြီး သေဒဏ်ကျ မြန်မာလုပ်သားနှစ်ဦးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ဇေရဲထက်

ရုပ်ရှင်သရုပ်ဆောင် မင်းသားချောလေး ဇေရဲထက် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူပါ။ ဇေရဲထက်က သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကိုပိုင်နိုင်စွာသရုပ်ဆောင် နိုင်တာကြောင့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ မိုမိုလေးပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ဇေရဲထက် လိပ်ကျွန်းစု လူသတ်မှုကြောင့် သေဒဏ်ပေးခံထားရတဲ့ မြန်မာနှစ်ဦး ရဲ့နောက်ဆုံးအယူခံရှုံးနိမ့်သွားတာနဲ့ပတ်သက်လို့ပြောထားတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီနေ့မှာတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူများအားလုံးစိတ်မကောင်းဖြစ်နေရတဲ့နေ့လေးပါ။ အကြောင်းရင်းကတော့ လိပ်ကျွန်းစုလူသတ်မှုကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦး၏ နောက်ဆုံးအယူခံကို ထိုင်းတရားရုံးက အမိန့်ချရာ အယူခံရူံးနှိမ့်ပြီး သေဒဏ်ကို ဆက်လက်အတည်ပြုလိုက်ပြီဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။ဘန်ကောက်မြို့ရှိ နွန်ထဘုရီခရိုင်တရားရုံးတွင် တရားသူကြီးက မြန်မာလုပ်သားနှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ရဲ့ ရှေ့မှောက်မှာ ဖတ်ကြားခြင်း ဖြစ်ကြောင်း ကို တရားရုံးရှေ့ရောက်ရှိနေသည့် လိပ်ကျွန်းလူသတ်မှုအရေးဆောင်ရွက်ပေးနေသော မြန်မာသံရုံးအထူးအဖွဲ့မှဦးထူးချစ်က ပြောခဲ့ကြောင်းသိရပါတယ်။

အယူခံရှုံးနိမ့်သွားတဲ့ လိပ်ကျွန်းစု အမှု့စဖြစ်တုန်းကလည်း မြန်မာနိုင်ငံမှပြည်သူတစ်ချို့ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အထိဖြစ်ခဲ့သလို ဒီတစ်ခါမှာတော့ နောက်ဆုံး အယူခံရှုံးသွားတာကြောင့် ပြည်သူများစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင် ဇေရဲထက်က ခုလိုပြောထားပါတယ်။” မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတစ်ချို့ခံစားရပါတယ်😪😪😪😪ပျင်းလို့သာထိုင်းသွားနေရတယ် အဝတ်အစားအစားအသောက်သန့်ပြန့်ပြီးဈေးဝယ်ကောင်းလို့သာ ကိုယ့်မြန်မာပြည်လည်းအာ့လိုဆို အာ့နိုင်ငံသေးတောင်လှည့်မပေါက်ဘူးးးးးး fuck” ဆိုပြီး လိပ်ကျွန်းစု အမှုနဲ့ပတ်သက်ပြီးဒေါသထွက်နေတာပဲဖြစ်ပါတယ်။

သရုပ်ဆောင် ဆောင်းယွန်းစံ ကလည်း စိတ်မကောင်းဖြစ်ရကြောင်းခုလိုပြောထားပါတယ်။

သရုပ်ဆောင်ဇေရဲထက် နဲ့ ဆောင်းယွန်းစံ တို့ ပြောထားတဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

credit – momolAY

Comments are closed.