ဘုရားဂုဏ်တော် ရွတ်တဲ့ အကျိုးကျေးဇူးတွေကြောင့် ထူးခြားမှု တစ်ခု ကြုံလိုက်ရတဲ့ မေသက်ထားဆွေ

ဘုရားဂုဏ်တော် ရွတ်တဲ့ အကျိုးကျေးဇူးတွေကြောင့် ထူးခြားမှု တစ်ခု ကြုံလိုက်ရတဲ့ မေသက်ထားဆွေ

အသံချိုချိုလေးနဲ့ သီချင်းဆိုကောင်းပြီး သူ့အသံကိုကြားလိုက်ရတာနဲ့ အားလုံးရဲ့ ရင်ထဲကို အေးချမ်းသွားစေတဲ့ အသံပိုင်ရှင်လေးကတော့ မေသက်ထားဆွေဆိုတဲ့ သမီးလေးပဲ ဖြစ်ပါတယ်…..
မျက်နှာလေးကလည်း ချစ်စရာကောင်းသလို အသံလေးလည်းကောင်း စကားပြောအေးချမ်းတာကြောင့် ပရိသတ်တွေ ချစ်ခင်ကြတဲ့ အဆိုရှင်လေးတစ်ယောက်ဖြစ်ပါတယ်…

မကြာသေးမီက မေသက်ထားဆွေဟာ မုံရွာမှာ သီချင်းသွားဆိုရင်းနဲ့ ရွှေငွေပစ္စည်း စုစုပေါင်း သိန်း ၁၀၀ ကျော်ဖိုးလောက် ပျောက်ဆုံးသွားခဲ့ပါတယ်…..ပျောက်ပျောက်ချင်းမှာတော့ မေသက်ထားဆွေလေးဟာ ကလေးပီပီ အရမ်းနှမြောမိလို့ တစ်ချက်တော့ ငိုချလိုက်တယ်လို့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်…..နောက်တော့ အရင်ဘဝက အကြွေးရှိလို့ ဆပ်တယ်လို့ ပဲ သဘောထားလိုက်ပါတယ်လို့ မေသက်ထားဆွေလေးက ဆိုပါတယ်…

ပျောက်သွားပြီးတဲ့နောက်မှာ မိခင်ရဲ့ နှစ်သိမ့်မှုတွေကြောင့် ဘုရားဂုဏ်တော်ကို အဆက်မပြတ်ပွားများနေခဲ့ပြီး မိဘကို လုပ်ကျွေးနေတဲ့ သမီးလေးဖြစ်တာကြောင့် ပျောက်သွားတာလေးတွေ ပြန်ရပါစေဆိုပြီး သစ္စာအဓိဋ္ဌာန်ပြုတာတွေလုပ်ခဲ့ပါတယ်…
အဲဒီလိုနဲ့ ပျောက်ဆုံးတဲ့နေ့က စလို့ ၁၁ ရက်နေ့မြောက်မှာတော့ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတော်တော်များများ ပြန်လည်ရရှိခဲ့ပါတယ်…ဖုန်းနဲ့ ပိုက်ဆံတွေကတော့ ပြန်မရတော့ပါဘူးလို့ သိရပါတယ်….

ပျောက်ဆုံးလို့ ပြန်လည်ရရှိခဲ့တဲ့ ပစ္စည်းတွေထဲမှာ မကြာသေးခင်ကမှ ဘီးလင်းမြို့နယ်ဆရာတော်များချီးမြှင့်ခဲ့တဲ့ ရွှေဆွဲပြားလေးလည်းပါဝင်ခဲ့ကြောင်း သိရှိရပါတယ်..
ခုလိုပြန်ရတာဟာ ကောင်းတာတွေလုပ်တဲ့အတွက် ကောင်းကျိုးပြန်ရတယ်လို့ ထင်ပြီး ရှေ့ဆက်ပြီးလည်း ကောင်းတာတွေ ဆက်လုပ်သွားမယ်လို့ မေသက်ထားဆွေက ဆိုပါတယ်…
ဒါ့အပြင် “သမီးကို ဆုတောင်းမေတ္တာပို့ပေးကြတဲ့ ချီးမြှင့်ကြတဲ့ ဆရာတော်ဘုရားတွေရော ပြန်တွေ့ကြဖို့ ဆုတောင်းပေးတဲ့ မိဘပြည်သူ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်….

ပစ္စည်းတွေ ရအောင် ရှာဖွေပေးကြတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ် လို့ မေသက်ထားဆွေရဲ့ မိခင်ဖြစ်သူက ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်… ပစ္စည်းတွေ ပျောက်သွားပုံနဲံ ဘယ်လိုပြန်ရခဲ့သလဲ ဆိုတာတော့ မေသက်ထားဆွေ နဲ့
အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်လေးကိုအောက်မှာ ကြည့်ပေးကြပါနော်…

Video Source :Popular Journal

Comments are closed.