Party ပွဲတစ်ခုမှာ ထိုင်းကမမတွေ သဘောကျအားပေးခြင်း ခံခဲ့ရတဲ့ ပိုင်တံခွန်

Party ပွဲတစ်ခုမှာ ထိုင်းကမမတွေ သဘောကျအားပေးခြင်း ခံခဲ့ရတဲ့ ပိုင်တံခွန်

နိုင်ငံကျော် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ထိုင်းနိုင်ငံမှာ ပရိသတ် အခိုင်အမာ ရရှိပြီးတဲ့နောက် ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိမှာလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတာ ဖြစ်ပြီး ထိုင်းပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့နေတာ ဖြစ်ပါတယ်။ ထိုင်းပရိသတ်တွေကလည်း ပိုင်တံခွန်ကိုဆို သည်းသည်းလှုပ် ချစ်ကြတာကို တွေ့ရပါတယ်။

မနေ့က သြဂုတ်လ (၂၉) ရက်နေ့မှာတော့ ပိုင်တံခွန်က ဘန်ကောက်မြို့က မွေးနေ့ပါတီတစ်ခုကို တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။ ထို ပါတီမှာ ပိုင်တံခွန်ရဲ့ ပရိသတ်တွေကို တွေ့ဆုံခဲ့ရပြီး ပိုင်တံခွန်နားက မခွာနိုင်အောင်ကို အားပေးကြတာကို တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ ပြည်ပမှာ အောင်မြင်မှုတွေ ရရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ အောင်မြင်မှုအတွက် ဝမ်းသာနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

credit- momolay

Comments are closed.