သင်တန်းကာလပြီးဆုံးတော့မှာမို့ အမိမြန်မာနိုင်ငံကို ပြန်လာရတော့မယ် ဆိုတဲ့ ပိုင်ဖြိုးသု “

သင်တန်းကာလပြီးဆုံးတော့မှာမို့ အမိမြန်မာနိုင်ငံကို ပြန်လာရတော့မယ် ဆိုတဲ့ ပိုင်ဖြိုးသု “

အနုပညာပျိုးခင်းမှ စင်တင်ပေးလိုက်တဲ့ ပိုင်ဖြိုးသုကတော့ နိုင်ငံကျော်မင်းသမီးတစ်လက်အနေဖြင့် ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ပြည်သူအကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ကြင်နာတတ်တဲ့ အနုပညာရှင်ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။ပိုင်ဖြိုးသုက အနုပညာအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်တတ်သူတစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့ ပထမဆုံးအကယ်ဒမီဆုကို “Three Girls”ရုပ်ရှင်ဇာတ်ကားနဲ့ ထိုက်တန်စွာသိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။

လတ်တလောမှာလည်း ပိုင်ဖြိုးသုဟာဆိုရင် ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကိုယ်တိုင်ရိုက်ကူးထားတဲ့ “မီ”ရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းမှာ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးနဲ့အတူရုပ်ရှင်ဇာတ်ကား တစ်ကားရိုက်ကူးဖို့အတွက် New York က အနုပညာကျောင်းမှာ သွားရောက်သင်ကြားနေပါတယ်။

သုသုကတော့ မကြာမီ သင်တန်းကာလပြီးဆုံးတော့မှာဖြစ်ပြီး အမိမြန်မာနိုင်ငံကို ပြန်လာရတော့မယ့် အကြောင်းကို “သင်တန်းကာလပြီးတော့မယ်ဆိုတော့ သူငယ်ချင်းတွေနဲ့အမှတ်တရ ဓါတ်ပုံထွက်ရိုက်ကြတာ။ဝေးဝေးလံလံကြိုးစားပမ်းစား ကျောင်းရှေ့ကပန်းခြံမှာတောင် သွားရိုက်ထားရတာ။NYFAက Acting For Film classထဲကကျောင်းသားတွေကို ဘယ်လောက် assignmentတွေ homework တွေပေးတယ်ခိုင်းတယ်ဆိုတာ ‌အဲဒီ့ကျောင်းရှေ့ကပန်းခြံကို‌တောင် အဲဒီ့နေ့မှကိုယ်တွေရောက်ဖူးကြတာ။ တစ်နေ့တစ်နေ့မိုးလင်းမိုးချုပ်ကျောင်းထဲမှာပဲအချိန်ကုန်ကြတာ ” လို့ သူမရဲ့လူမှုကွန်ရက် စာမကျနာမှာ ဖော်ပြထားတာကို CeleGabar ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။

credit -celegabar

Comments are closed.