အဆိုဘက်တွင်သာမက အတီးဘက်ကိုလည်း ကြိုးစားနေတဲ့ မောင်ချိုလေး

အဆိုဘက်တွင်သာမက အတီးဘက်ကိုလည်း ကြိုးစားနေတဲ့ မောင်ချိုလေး

ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season 3 ရဲ့ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီးတော့ First Runner-up ဆုရှင်လေးလည်းဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေအပြင် ဒိုင်တွေရဲ့အားပေးမှုကိုပါ ရရှိခဲ့သူလေးလို့ ဆိုရမှာပါ။ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက မောင်ချိုလို့ချစ်စနိုးနဲ့ခေါ်ဆိုကြတာပဲ ဖြစ်ပါတယ်။ ဘယ်လိုနေနေ ချစ်ပေးတဲ့ပရိသတ်အခိုင်အမာရရှိထားတဲ့ ချမ်းမြေ့မောင်ချိုလေးဟာ သူမပရိသတ်တွေအပေါ်မှာလည်း ရင်းရင်းနှီးနှီးနဲ့ ပရိသတ်တွေကို တန်ဖိုးထားတတ်သူလေးပဲ ဖြစ်ပါတယ်။

သူမရဲ့တစ်ဦးတည်းသောအစ်ကိုဖြစ်တဲ့သူရကလည်းMRTV 4 က ကျင်းပတဲ့Forever star သရုပ်ဆောင်ပြိုင်ပွဲကနေ Winner ဆုရရှိထားသူပဲ ဖြစ်ပြီး မောင်နှမ နှစ်ယောက်လုံးက အနုပညာဘက်မှာ ထူးချွန်ကြတာဖြစ်ပြီးတော့ လိမ္မာရေးကြားရှိတဲ့သူတွေပဲ ဖြစ်တဲ့အပြင် မောင်နှမ နှစ်ယောက်ပေါင်းကာ အလှူအတန်းလေးတွေလည်း ပြုလုပ်တတ်တာပဲ ဖြစ်ပါတယ်။ စေတနာသဒ္ဓါတရားမွန်မြတ်ပြီး လိုအပ်တဲ့သူတွေကိုအကူအညီပေးတတ်တာတွေကြောငိ့လည်းမောင်ချိုကို ပရိသတ်တွေက ချစ်ခင်အားပေးဝန်းရံရတဲ့အချက်တစ်ချက်လို့ဆိုနိုင်ပါတယ်။

အနုပညာအလုပ်တွေဆက်တိုက်လုပ်လာပြီး ပွဲတော်တော်များများမှာ ပါဝင်သီဆိုဖျော်ဖြေကာ အောင်မြင်မှုရရှိနေတဲ့
အဆိုတော်တစ်ဦးပဲ လို့ဆိုရမှာပါ။ အဆိုဘက်တွင်သာမက ပရိသတ်တွေကို ဂစ်တာကိုယ်တိုင်တီးကာ သီချင်းဆိုပြလေ့ရှိသူလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ပရိသတ်တွေကို သူမရဲ့ ကိုယ်တိုင်” အော်ဂင် “တီးနေတဲ့ ပုံရိပ်လေးတွေကို” ကဲ တီးပါတယ် ခမျာ ” ဆိုပြီး စာသားလေးနဲ့ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း အဆိုဘက်တွင်သာမက အတီးဘက်ကိုလည်း ကြိုးစားနေတဲ့ မောင်ချို ကိုချစ်ရင် တစ်ခုခုမှတ်ချက်ပေးခဲ့ပါဦးနော်။

credit – celegabar

Comments are closed.