ပရိသတ်တွေ စိတ်ပူနေကြတဲ့ အချစ်ရေးကိစ္စအကြောင်း တစွန်းတစပြောပြခဲ့တဲ့ နေခြည်ဦး

ပရိသတ်တွေ စိတ်ပူနေကြတဲ့ အချစ်ရေးကိစ္စအကြောင်း တစွန်းတစပြောပြခဲ့တဲ့ နေခြည်ဦး

နိုင်ငံကျော် Beauty Blogger ဘဝမှာ ရုပ်ရှင်မင်းသမီးတစ်ယောက်ပါ ဖြစ်လာခဲ့တဲ့ နေခြည်ဦးက မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးက လက်ရှိမှာတော့ မင်းသားချော ဒေါင်းနဲ့အတူတူ ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေလျက်ရှိပြီး အလုပ်တွေ မအားမလပ် ဖြစ်နေတာပါ။ နေခြည်ဦးက ချစ်သူနဲ့ လမ်းခွဲထားလို့ အသည်းကွဲမယ်လို့ ပရိသတ်တွေက စိတ်ပူနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် နေခြည်ဦးက သူမအနေနဲ့ အလုပ်အပေါ် အာရုံအပြည့်အဝစိုက်နေရလို့ အသည်းကွဲဖို့ အချိန်မရှိဘူးလို့ ဆိုလာပါတယ်။ နေခြည်ဦးက ဒီကနေ့ည လွှင့်ခဲ့တဲ့ Live ဗီဒီယိုမှာလည်း သူမရဲ့ အချစ်ရေး ကိစ္စနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။

နေခြည်ဦးက “ပရိသတ်တွေ အရမ်းစိတ်ပူနေကြမယ် ဆိုတာသိပေမယ့်လည်း ပြောပြဖို့က အရမ်းကို Presonal ဖြစ်နေတာကြောင့်ပါ။ နေခြည့်ကို ပွဲတွေဘာတွေမှာ မေးလာခဲ့ရင် ဒီကိစ္စနဲ့ ပက်သတ်ပြီး ဘာမှကို မဖြေပါဘူး။ အဆင်ပြေစေချင်တယ် အဆင်မပြေစေချင်ဘူး ဆိုတာထက် အကောင်းဆုံးဖြစ်မယ့် အရာကိုပဲ ရွေးချယ်လုပ်ဆောင်သွားမယ်” လို့ ပြောလာပါတယ်။

နေခြည်ဦးဟာ သူမရဲ့ချစ်သူနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ မနေ့ကတော့ သူမရဲ့ ပြတ်သွားတဲ့ ရည်းစားဟောင်းက နေခြည်ဦးကို သူ့ဆီပြန်လာဖို့ တောင်းပန်နေတာကြောင့် ပရိသတ်တွေကလည်း နေခြည်ဦးတို့အတွဲလေးကို ပြန်အဆင်ပြေစေချင်နေကြတာ ဖြစ်ပါတယ်။

နေခြည်ဦးတစ်ယောက် သူမရဲ့ ချစ်သူနဲ့ ပက်သတ်တာထက် အလုပ်ကို ဦးစားပေးနေရတဲ့ အချိန်ကာလကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

credit – momolay

Comments are closed.