ပိုင်တံခွန်ကြောင့် ဘန်ကောက်မြို့က လမ်းမကြီးမှာ လူတွေပြည့်နှက်သွားခဲ့တဲ့ ဗီဒီယို

ပိုင်တံခွန်ကြောင့် ဘန်ကောက်မြို့က လမ်းမကြီးမှာ လူတွေပြည့်နှက်သွားခဲ့တဲ့ ဗီဒီယို

နိုင်ငံကျော် မင်းသားတစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ပြည်တွင်းမှာသာမက အိမ်နီးချင်း ထိုင်းနိုင်ငံမှာပါ ပရိသတ် အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ ပိုင်တံခွန်က ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး အနုပညာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေလျက် ရှိတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် ပိုင်တံခွန်က ထိုင်းနဲ့မြန်မာပြည်ကို ကူးချည်သန်းချည် သွားလာနေရတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က လက်ရှိမှာလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဘန်ကောက်ရောက်ခိုက် ပိုင်တံခွန်က Street Food တွေကိုလည်း အားရပါးရ စားသောက်ခဲ့ပါသေးတယ်။

ပိုင်တံခွန်တစ်ယောက် မုန့်ဆိုင်မှာ မုန့်စားနေတုန်း ပရိသတ်တွေ ဝိုင်းအုံလာခဲ့ပြီး ဆိုင်ပတ်ဝန်းကျင် လမ်းမကြီးမှာ လူတွေ ပြည့်နှက်သွားခဲ့တာကို တွေ့ရပါတယ်။ ပိုင်တံခွန်ကလည်း သူ့ကို လာရောက်အားပေးတဲ့ ပရိသတ်တိုင်းကို ယဉ်ကျေးပျူငှါစွာ နှုတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်

ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲနော်။ ကိုယ့်နိုင်ငံက အနူပညာရှင်တစ်ယောက်ကို တိုင်းတစ်ပါးသားတွေက အခုလို သည်းသည်းလှုပ်ချစ်ကြတာကို မြင်ရတာ ဝမ်းသာစရာပါပဲ။ ပိုင်တံခွန်တစ်ယောက် ဒီထက်မက အောင်မြင်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

credit – momolay

Comments are closed.