ရဲရင့်အောင် ကြိုက်တတ်တဲ့ ပစ္စည်းလေးတွေကို မွေးနေ့လက်ဆောင်ပေးလိုက်တဲ့ ဧငြိမ်းဖြူ

ရဲရင့်အောင် ကြိုက်တတ်တဲ့ ပစ္စည်းလေးတွေကို မွေးနေ့လက်ဆောင်ပေးလိုက်တဲ့ ဧငြိမ်းဖြူ

ဘာဘီရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းပြီး ဖြူဖွေးလှပတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ် မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်သလို အကပိုင်းမှာလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဧငြိမ်းဖြူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့သူတွေထဲမှာတစ်ယောက်အနေနဲ့အပါအဝင်ပဲဖြစ်ပါတယ်။

သူမနဲ့ အဆိုတော် သရုပ်ဆောင် ရဲရင့်အောင်တို့ရဲ့ အချစ်ရေးကို လည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ချပြထားပါသေးတယ်။

ပရိသတ်တွေကလည်း သူတို့ ချစ်သူနှစ်ယောက်ရဲ့ တစ်ဦးကိုတစ်ဦး နားလည်မှုအပြည့်အဝရှိပြီး ပျော်ရွှင်စရာကောင်းလှတဲ့ အချစ်ရေးကြောင့် Idol Coupleအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းဟာလည်း (၂)ကျော်အထိရှိနေပြီပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လ (၁၈)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ရဲရင့်အောင်ရဲ့ မွေးနေ့ရက်လေးမှာ ဧငြိမ်းဖြူက ရဲရင့်အောင်ရဲ့ အိမ်ရှေ့အထိ သွားကာ suprise ပြုလုပ်ခဲ့ပါသေးတယ်။

credit – celegabar

Comments are closed.