ရှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်ပြည်သူများအတွက် သွားရောက်လှူဒါန်းခဲ့တဲ့ ပရဟိတမင်းသားကြီး

ရှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်ပြည်သူများအတွက် သွားရောက်လှူဒါန်းခဲ့တဲ့ ပရဟိတမင်းသားကြီး

ပရဟိမင်းသားကြီးအဖြစ် အများပြည်သူရဲ့ အားကိုးအားထား ပြုခြင်းကို ခံထားရတဲ့ ဦးကျော်သူဟာ ပရဟိတအလုပ်တွေကိုကြိုးစားလုပ်ဆောင်လျက်ရှိပြီး ယခုနောက်ပိုင်းတော့ အသင်းနဲ့အတူ အားသွန်ခွန်စိုက် လုပ်ဆောင်လာတာတွေကိုတွေ့ရပါတယ်။

မကြာသေးခင်ကမှ ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ် ရေဘေးနဲ့ ပတ်သက်တဲ့ ကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်လျက်ရှိပြီး ယခုအခါမှာလဲ ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ဘေးရှောင် ပြည်သူများထံသို့ “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ်ရည်ရွယ်ကာ

ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် ကျော်သူပရဟိတကွန်ယက် (အထက်မြန်မာပြည်) သာသနာ့ပါလအသင်းတို့ ပူးပေါင်းကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူများရှိရာသို့ အိမ်ထောင်စု (၃၀၀)စာ အစားအသောက် နှင့် အဝတ်အထည်များ သွားရောက် လှူဒါန်းခဲ့ကြသည်။

ထိုကဲ့သို့ လှူဒါန်းရာတွင် လားရှိုးမြို့ရှိ မေတ္တာစမ်းရေ ယာဉ်လိုင်းပေါင်းစုံ လူမှုကူညီရေးအသင်း ၊ကမ်းလင့်လက်များ အသင်း ၊မေတ္တာတံခွန် အသင်း နှင့် နှလုံးလှလူမှုကူညီရေးအသင်း တို့က ပူးပေါင်းကာ လိုအပ်သော အကူအညီများပေးခဲ့ကြပြီး

လားရှိုးမြို့ မေတ္တာစမ်းရေ ယာဉ်လိုင်းပေါင်းစုံ လူမှုကူညီရေးအသင်းတွင် လှူဒါန်းသော ပစ္စည်းများအား အခြေပြုထားရှိ၍ တိုက်ပွဲများကြောင့် စစ်ဘေးသင့်ဒေသများရှိ တိုင်းရင်းသားများထံသို့ လိုအပ်သလို ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။

ခရက်ဒစ် ဦးကျော်သူ

Comments are closed.