ပဠာန်းရွတ်ဖတ်ပူဇော်ကာ (၇) ရက်သားသမီးများ အ တွက် ဆုတောင်းမေတ္တာ ပို့သပေးခြင်းတွေ ပြုလု ပ်ခဲ့တဲ့ ခိုင်သင်းကြည်

ခိုင်သင်းကြည်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဆယ်ကျော်သက်အ ရွယ်ကတည်းက အနုပညာလောထဲမှာ အောင်မြင်လာခဲ့ပြီး သူမရဲ့အောင်မြင်မှုဟာ ဆယ်စုနှစ်တွေကျော်လွန်လာခဲ့ပါပြီ။ သာယာအေး ချမ်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားကာ အားလုံးက အားကျချစ်ခင်နေရတာပါ။

ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်ရင်လည်း ခိုင်သင်းကြည်တို့ မိသားစုက အလှူရေစက် လက်နဲ့မကွာဆိုသလို လှူဒါန်းနေတဲ့ သဒ္ဓါတရားထက်သန်လှတဲ့ မိသားစုလည်းဖြစ်ပါတယ်။ အမြဲတမ်းလိုလို အထိမ်းအမှတ်နေ့လေးတွေနဲ့ အခါအခွင့်သင့်ရင်သင့်သလို အလှူလေးတွေကို မိသားစုလိုက်စိတ်သဘောထားတူညီစွာနဲ့ လှူဒါန်းလေ့ရှိကြတဲ့အတွက် ပရိသတ်တွေက တစ်မိသားစုလုံးကို လေးစားနေကြရတာပါ။

အခုလည်း ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကာ ကောင်းမှုကုသိုလ်များစွာပြုလုပ်ရင်း မြန်မာပြည်ကြီး အမြန်အေးချမ်းဖို့ ဆုတောင်းမေတ္တာပို့သခဲ့ ကြောင်းဖော်ပြလာပါတယ် ။ ပုံလေးတွေနဲ့ အတူ ” ပဋ္ဌာန်းရွတ်ဖတ်ပူဇော်🙏🙏🙏ရအရပ်ဆယ်မျက်နှာနေအားလုံးသောသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ🙏🙏🙏စိတ်ဆင်းရဲကင်းကြပါစေ🙏🙏🙏ကိုယ်ဆင်းရဲကင်းကြပါစေ🙏🙏🙏ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ🙏🙏🙏ကပ်ကြီး(၃)ပါးမှလည်းကျော်လွှားနိုင်ကြပါစေ🙏🙏🙏မြန်မာပြည်ကြီးတရားမျှတမှု့တွေနဲ့အမြန်ဆုံးအေးချမ်းပါစေရှင်🙏🙏🙏” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Advertisement

Photo – Khine Thin Kyi

[zawgyi]



Advertisement


Yuan – Cele Zone

Photo – Khine Thin Kyi

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*