ကလေးသရုပ်ဆောင်ဘဝထဲကနေ ယနေ့ချိန်ထိ အောင်မြင်နေဆဲဖြစ်တဲ့ အနုပညာကဝေလေးများ

ကလေးသရုပ်ဆောင်ဘဝထဲကနေ ယနေ့ချိန်ထိ အောင်မြင်နေဆဲဖြစ်တဲ့ အနုပညာကဝေလေးများ

ဟိုးငယ်စဉ်ကလေးဘဝထဲ ယနေ့အချိန်အထိ ပရိသတ်တွေကြားမှာ နာမည်ကြီးနေဆဲဖြစ်တဲ့အပြင် အများစုကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း ကျော်ကြားအောင်မြင်နေဆဲ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင် ဘဝထဲက အောင်မြင်ခဲ့ကြပြီး ခုချိန်ထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ သူတွေကတော့ ယွန်းယွန်း၊ အိစိကွေး၊အားသစ်၊ အိန္ဒြာမိုးမြင့် တို့ကတော့ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေပြီး စုမေ၊ ဟဲဗီးဖြိုးနဲ့ ပိုးဖြူသဲ တို့ကတော့ အနုပညာ အလုပ်တွေကို ဆက်လက်မလုပ်ကိုင်ဖြစ်ကြတော့ပါဘူး။

ယွန်းယွန်း

သူတို့တွေအားလုံးထဲမှာ ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်အကယ်ဒမီ ထူးချွန်ဆုကို ထိုက်ထိုက်တန်တန်ရ ရှိထားသူဖြစ်ပြီး သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေလဲ များစွာ ရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ခေါင်းဆောင်မင်သမီးနေရာကနေ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ မှာပါဝင်သရုပ်ဆောင်ထားပြီးနောက် ရုပ်ရှင် ရိုက်ကူးရေးတွေထက် ကြော်ငြာတွေ၊ ပွဲတက်တဲ့ အနုပညာလှုပ်ရှားမှုတွေကို သူလုပ်ဆောင်နေတာဘဲ ဖြစ်ပါတယ်။

အိစိကွေး

အားသစ္

ယွန်းယွန်းလိုဘဲ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတဲ့ သူတွေကတော့ အားသစ် နဲ့ အိန္ဒြာမိုးမြင့်တို့ဖြစ်ပြီး သရုပ်ဆောင်ပိုင်းသာမကအဆိုပိုင်းတွေမှာပါ အောင်မြင်မှုတစ်ချို့ရှိနေသူကတော့ အိစိကွေးဘဲဖြစ်ပါတယ်။ သူတို့နဲ့ တစ်ခေတ်ထဲ ရုပ်ရှင်ကားတွေရိုက်ကူးခဲ့ကြတဲ့ တခြားသရုပ်ဆောင်တွေကတော့ စုမေ၊ ဟဲဗီးဖြိုးနဲ့ ပိုးဖြူသဲ တို့ဘဲဖြစ်ပါတယ်။ သူတို့တွေကတော့ အနုပညာအလုပ်တွေကို ဆက်လက်မလုပ်ကိုင်တော့ဘဲ ပညာရေးတွေနဲ့ စီးပွားရေးဘက်ကို ကြိုးစားလုပ်ကိုင်နေကြတာဘဲ ဖြစ်ပါတယ်။

အိန္ဒြာမိုးမြင့်

စုမေ


ဟဲဗီးဖြိုး

ပိုးဖြူသဲ

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေး ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

credit – momollay

Comments are closed.