သူမကလည်း တောသူဆိုပြီး ပရိသတ်ကို ပွင့်လင်းစွာ နှုတ်ဆက်စကားပြောဆိုလိုက်တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်

သူမကလည်း တောသူဆိုပြီး ပရိသတ်ကို ပွင့်လင်းစွာ နှုတ်ဆက်စကားပြောဆိုလိုက်တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်

ဖြူဖြူထွေးဆိုတာနဲ့ ပရိသတ်တွေကိုရယ်မောစေချင်တဲ့ အသက်ငယ်တဲ့အနုပညာရှင်တစ်ယောက်လို့ သိကြတာပဲ ဖြစ်ပါတယ်။ပထမတော့ ပရိသတ်တွေက ဝေဖန်မှု၊ တိုက်ခိုက်မှုများစွာရှိခဲ့ပေမယ့် အခုချိန်မှာ ပွင့်လင်းတဲ့ အပြော ရိုးသားတဲ့စိတ်ဓာတ်လေးကြောင့် ပရိသတ်တွေ လက်ခံအားပေးလာတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေ အချစ်ပိုလာရတဲ့အကြောင်းကတော့ ပရိသတ်ပြောတဲ့စကားလေးတွေကို တန်ဖိုးထားပြီးတော့နားထောင်ကာ ပြုပြင်ပြောင်းလဲခဲ့တဲ့အတွက် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်သင့်သလောက်ရောက်လာခဲ့ပြီလို့ဆိုနိုင်ပါတယ်။

အနုပညာအလုပ်များစွာကို လုပ်ကိုင်နေပြီဖြစ်ပြီး ကြော်ငြာတွေပါလက်ခံရိုက်ကူးလာတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ Life Style ကို ပရိသတ်ကိုအမှန်တိုင်းချပြရဲတဲ့ သူတစ်ယောက်လို့လည်း ဆိုရမှာပါ။ ဖြူဖြူထွေးဟာ Myanmar Influencer Awards 2019 မှာ Celebrity Influencer Award Winner ဆုကိုရရှိခဲ့ပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို မအားလပ်ရလောက်အောင် ရိုက်ကူးနေရတာလို့ ဆိုရမှာပဲနော်။

လက်ရှိမှာလည်း ဖြူဖြူထွေးဟာ နယ်ဘက်တွေမှာ ရိုက်ကူးရေးတွေပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ သူမဟာလည်း နယ်သူတစ်ယောက်ဖြစ်တာကြောင့် နယ်ပရိသတ်တွေနဲ့တွေ့တဲ့အခါ မင်းသမီးဆိုတဲ့စိတ်မရှိဘဲ ပရိသတ်တွေကို နယ်သူနယ်သားအချင်းချင်း ပြောဆိုဆက်ဆံသလို ” ကျွန်မကတောသူ” ဆိုပြီး ပရိသတ်တွေကို ပွင့်လင်းစွာ နှုတ်ဆက်စကားပြောဆိုလိုက်တဲ့ အပြင် ရှူတင်လာရောက်ကြည့်ရှူ့တဲ့ကလေးတွေကိုလည်း အလှူပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးကတော့ ပရိသတ်တွေကြားမှာ သတိထားမိကာ ပရိသတ်တွေအချစ်ပိုလာစေတယ်ဆိုတာလည်းအမှန်ပါပဲနော်။ထို့အပြင် ရောက်တဲ့နေရာမှာလည်း ရရင်ရသလို အလှူတွေပြုလုပ်တတ်တဲ့ ဖြူဖြူထွေးလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ သူလေးပါပဲနော်။CeleGabar ပရိသတ်ကြီးလည်း ဖြူဖြူထွေးလေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျအားပေးရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

credit – celegabar

Comments are closed.