ပအိုဝ်းကရင် တောင်ကြီးသူလေးပါဆိုတဲ့ ချစ်စရာကောင်မလေး နော်ဖောအယ်ထား

ပအိုဝ်းကရင် တောင်ကြီးသူလေးပါဆိုတဲ့ ချစ်စရာကောင်မလေး နော်ဖောအယ်ထား

ပရိသတ်တွေ အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားထားနိုင်တဲ့ ချစ်စရာကောင်မလေး နော်ဖောအယ်ထားကတော့ သူမရဲ့အနုပညာစန်းကြောင့် အချိန်တိုအတွင်း အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိလာသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နော်ဖောအယ်ထားလေးက သူမဘာလူမျိုးလဲဆိုတာ မသိကြသေးတဲ့သူတွေအတွက် ရိုးရာဝတ်စုံလေးဝတ်ပြီး သေချာ ပြောပြလိုက်တာ တွေ့ရပါတယ်။ နော်ဖောအယ်ထားကတော့ ပအိုဝ်းဝတ်စုံလေး ဆင်မြန်းပြီး ပအိုဝ်းသွေး တဝက်တိတိပါတဲ့ ပအိုဝ်းကရင် တောင်ကြီးသူစစ်စစ်ပါလို့ ချစ်စရာကောင်းအောင် ပြောပြထားတာပါနော်။

ချစ်ပရိသတ်တွေအတွက် ပအိုဝ်းမလေး နော်ဖောအယ်ထားရဲ့ချစ်စရာအလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နော်ဖောအယ်ထားကိုတော့ ပရိသတ်တွေက တရုတ်မင်းသမီးလေး Liu Yifei နဲ့ တူတယ်လို့လည်း အပြောများကြပြီး၊ သူမကိုယ်တိုင်တော့ သေချာမသိဘူးလို့လည်း အင်တာဗျူးတွေမှာ ချစ်စရာကောင်းအောင် ဖြေဆိုလေ့ရှိပါသေးတယ်။ အသစ်တစ်ဦးပေမယ့်လည်း သရုပ်ဆောင်ထူးချွန်တဲ့ နော်ဖောအယ်ထားကတော့ မကြာခဏဆိုသလို သီချင်း MV တွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိပြီး၊ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

တကယ့်ကို ချစ်စရာလေးပါ ပအိုဝ်းကရင်မလေးရယ်…။

ချစ်စရာမော်ဒယ်သရုပ်ဆောင်လေး နော်ဖောအယ်ထားကတော့ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ နော်ဖောအယ်ထား ပါဝင်သရုပ်ဆောင်ထားတဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲကလည်း မကြာခင်မှာ ရုပ်သံလိုင်းတွေမှာ ပြသသွားတော့မယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ တောင်ကြီးသူ ပအိုဝ်းကရင်မလေး နော်ဖောအယ်ထားကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

credit – momolay

Comments are closed.