ဆရာတော် အပါး(၇၀) ကို ဝါဆိုသင်္ကန်းကပ်ရင်း ဒေါ်လာသုံးထောင် လှူဒါန်းခဲ့တဲ့ စမိုင်းလ်

ဆရာတော် အပါး(၇၀) ကို ဝါဆိုသင်္ကန်းကပ်ရင်း ဒေါ်လာသုံးထောင် လှူဒါန်းခဲ့တဲ့ စမိုင်းလ်

တစ်ခေတ်တစ်ခါက မော်ဒယ်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီးချောလေး စမိုင်းလ်က အခုဆိုရင် အိမ်ထောင်ကျပြီး အနုပညာလုပ်ငန်းတွေကို သိပ်မလုပ်ကိုင်တော့ပါဘူး။ စမိုင်းလ်က ခင်ပွန်းဖြစ်သူနဲ့ စီးပွားအတူတူရှာရင်း သမီးလေးနှစ်ယောက်ကို ထိမ်းကြောင်းပြုစုနေတာပဲ ဖြစ်ပါတယ်။ အပူအပင်ကင်းပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ စမိုင်းလ်တို့ မိသားစုကတော့ ပရိသတ်တွေ အားကျခြင်းခံရတဲ့ မိသားစုလေးတစ်စု ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၃၁) ရက်နေ့မှာတော့ စမိုင်းလ်တို့ မိသားစုက အောင်ဇဗ္ဗူတောရ ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ စာချစာသင်ဆရာတော် အပါး(၇၀) ကို ဝါဆိုသင်္ကန်းနဲ့ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

စမိုင်းလ်၊ ကိုပြည့်မောင်၊ သမီး – မဆုနဒီမောင် နဲ့ မဆုရတီမောင် တို့မိသားစုက နဝကမ္မအလှူငွေအဖြစ် အမေရိကန်ဒေါ်လာ(၃၀၀၀) ကျပ်တိတိကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

စမိုင်းလ်တို့ မိသားစုကတော့ အလှူရေစက်လက်နဲ့မကွာ ဆိုတဲ့အတိုင်းပဲ ကောင်းမှုကုသိုလ်တွေ မပြတ် ပြုလုပ်သူတွေ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ မိသားစုရဲ့ အလှူလေးကိုကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

credit – momolay

Comments are closed.