နေတိုးရဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အိမ်ထောင်ရေးပဋိပက္ခဇာတ်ကားကြီး “ရူးအောင်ချစ်မယ့်လူ” Trailer

နေတိုးရဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အိမ်ထောင်ရေးပဋိပက္ခဇာတ်ကားကြီး “ရူးအောင်ချစ်မယ့်လူ” Trailer

နိုင်ငံကျော် အကယ်ဒမီ မင်းသားနဲ့မင်းသမီးဖြစ်တဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်က ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေမှာ အတွဲညီညီနဲ့ သရုပ်ဆောင်တတ်သူတွေ ဖြစ်ပါတယ်။ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ နှစ်ယောက်က ရုပ်ရှင်အပြင် အခြားသော အနုပညာလှုပ်ရှားမှုတွေမှာလည်း လိုက်ဖက်ညီခဲ့တာ ဖြစ်ပါတယ်။ နေတိုးနဲ့ အိန္ဒြာကျော်ဇင် တို့ကို ကြိုက်နှစ်သက် အားပေးကြတဲ့ ပရိသတ်တွေအတွက် “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

“ရူးအောင်ချစ်မယ့်သူ” က စာရေးဆရာမ လွန်းထားထားရဲ့ ဝတ္ထုဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

“ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို တွေ့မြင်ရမှာဖြစ်ပြီး အိမ်ထောင်ရေးပဋိပက္ခတွေကိုပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Offical Trailer ကို မျှဝေပေးလိုက်ပါတယ်နော်။

နေတိုးနဲ့ အိန္ဒြာကျော်ဇင်က ဝါရင့်သရုပ်ဆောင်တွေပီပီ ဇာတ်လမ်းတစ်ခုလုံးကို ဆွဲခေါ်သွားနိုင်သလို မေတိုးခိုင်ကလည်း သရုပ်ဆောင်အသစ်နဲ့မတူအောင်ကို သေချာလေး သရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဆက်ဆက်စောင့်ကြည့်ဖို့ မမေ့ပါနဲနော်။

credit – momolay

Comments are closed.