အင်္ဂါသားသမီးတွေရဲ့ ထူးခြား တဲ့ အကျင့်စရိုက်များနဲ့ မွေးရာပါအား သာချက်များအကြောင်း

အင်္ဂါသားသမီးတွေရဲ့ ထူးခြား တဲ့ အကျင့်စရိုက်များနဲ့ မွေးရာပါအား သာချက်များအကြောင်း

အင်္ဂါနေ့ဟာ ရက်သတ္တပတ်ရဲ့ သုံးရက်မြောက်နေ့ဖြစ်ပြီးတော့ မားစ်ဂြိုဟ်ရဲ့ လွှမ်းမိုးမှု အောက်မှာ ရှိပါတယ်။ စစ်သည်တော်ဝိဉာဉ်လို့ပြောလို့ရပြီး ဘဝတစ်လျှောက်လုံး ကြုံလာသမျှကို တိုက်ခိုက်ကာ အမြဲဦးဆောင်နေရတဲ့သူတွေအဖြစ် ရပ်တည်နေပါတယ်။

အင်္ဂါသား၊သမီးတွေဟာ စိန်ခေါ်မှုတွေ၊ အတိုက်အခိုက်တွေကို လုံးဝဂရုမစိုက်ဘဲ အမြဲတမ်း ဖြတ်ကျော်နိုင်တဲ့သူတွေပါ။ ပြီးတော့ အဲ့ဒီအရာတွေက သူတို့ဘဝကို ပိုအဓိပ္ပါယ်ရှိစေတယ်လို့ ခံယူထားကြတာပါ။ ဘဝရဲ့ပြဿနာတွေကို နည်းလမ်းတစ်မျိုးနဲ့ အဆင်မပြေရင် နောက်တစ်မျိုးနဲ့ ချက်ချင်းဖြေရှင်းတတ်ကြသူတွေပါ။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြပြီး ဒေါသကို မထိန်းနိုင်တာကြောင့် ဆုံးရှုံးမှုတွေကို ရင်ဆိုင်ရတတ်ပါတယ်။

သူတို့တွေဟာ သူရဲကောင်းတွေလို သတ္တိရှိတဲ့သူတွေဖြစ်တာကြောင့် စစ်ဗိုလ်လို အလုပ်မျိုး၊ စွန့်စားရတဲ့အလုပ်မျိုးတွေနဲ့ သိပ်ကိုလိုက်ဖက်ပါတယ်။ ဘဏ်လုပ်ငန်း၊ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေနဲ့ကလည်း သူတို့နဲ့သင့်တော်ပါတယ်။ သူတို့ကို ဝေဖန်တာ၊ ဆန့်ကျင်တာမျိုးကို လုံးဝမခံစားနိုင်တဲ့သူတွေဖြစ်ပြီး ကိုယ်တိုင်မရမက အောင်မြင်အောင် ကြိုးစားတတ်တဲ့သူတွေပါ။

မားစ်ဂြိုဟ်ရဲ့လွှမ်းမိုးမှုအောက်မှာ ရှိတဲ့ သူတို့တွေဟာ သူတို့ရဲ့ခံစားချက်တွေကို တခြားသူကို ဖွင့်ပြောပြဖို့ သိပ်ခက်ခဲကြပြီး ကိုယ့်ဘာသာ ကြိတ်ခံစားတတ်ကြသူတွေဖြစ်ပါတယ်။ တစ်ခုခု မပြောခင် အရမ်းစဉ်းစားတတ်ကြတော့ တစ်ခုခုဆိုဖွင့်မပြောဖြစ်ကြတော့ဘဲ ဒီတိုင်းပဲပြီး သွားတာ များပါတယ်။ သူတို့ ချစ်သူကို စကားလုံးတွေနဲ့ နာကျင်အောင် လုပ်တတ်ပြီး သူတို့ရဲ့အေးစက်စက် အမူအကျင့်ကြောင့် အချစ်ရေးမှာ အဆင်မပြေဖြစ်တတ်ပါတယ်။

ချစ်သူကို အကောင်းဆုံးစောင့်ရှောက်တတ်ကြပြီး သူတို့နဲ့ ရှိတဲ့အချိန်တွေဆို အလုံခြုံဆုံးဆိုတဲ့ ခံစားချက်ကို ပေးနိုင်တဲ့သူတွေပါ။ စကားအပြောအဆို ဆင်ခြင်ပြီး နွေးထွေးမှုပေးတတ်မယ်ဆိုရင်တော့ အချစ်ရေးမှာ အဆင်ပြေပါလိမ့်မယ်။ သေချာတာကတော့ အင်္ဂါသား၊သမီးလေးတွေဟာ သတ္တိရှိပြီး ရင်ဆိုင်ရဲတာကြောင့် ဘယ်တော့မှ အရှုံးမပေးဘဲ အောင်မြင်မှုဆီရောက်အောင် သွားနိုင်မယ့်သူလေးတွေဆိုတာပါပဲ။

credit – aunty may

Comments are closed.