ညီမအရင်းကို အကြိမ်ကြိမ် သားမ ယားပြုကျင့်ပြီး ကိုယ်ဝန်ရစေခဲ့တဲ့ အကိုနှစ်ယောက် ဖမ်းဆီးခံရ

ညီမအရင်းကို အကြိမ်ကြိမ် သားမ ယားပြုကျင့်ပြီး ကိုယ်ဝန်ရစေခဲ့တဲ့ အကိုနှစ်ယောက် ဖမ်းဆီးခံရ

မိသားစုတိုင်းမှာ သွေးသားရင်းခြာမောင်နှမတွေဆိုတာ အပြန်အလှန်ကာ ကွယ်စောင့်ရှောက်ရင်း ဂရုစိုက်ကြဖို့သာ ဖြစ်ပေမဲ့ တခါတရံ မှာလဲ မယုံကြည်နိုင်စ ရာကောင်းလောက်တဲ့ ကံကြမ္မာဖြစ်ရပ်ဆိုးတွေဟာ ထင်မှတ်မထားလောက်အောင်ကို ဆန်းကြယ်လွန်းလှပါတယ်။

News Straits Times သတင်းစဉ်ရဲ့ဖော်ပြချက်အရ အသက် ၁၃ နှစ်အရွယ် ညီမငယ်ကို နေ့စဉ်လို အဓမ္မသားမယားပြုကျင့်ပြီး ကိုယ်ဝန်ရရှိစေခဲ့တဲ့ အကိုအရင်းနှစ်ယောက် စလုံးဟာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရှိရပါတယ်။

အသက် ၁၇ နှစ် နဲ့ အသက် ၁၉ နှစ် အရွယ် အကိုအရင်းအချာနှစ်ယောက်ရဲ့ နေ့စဉ်ပုံမှန် သားမယားပြုကျင့်ခြင်းကို အကြိမ်ကြိမ်ခံစားခဲ့ရတဲ့ ညီမငယ်လေးဟာ တရက်မှာ ဝမ်းဗိုက်နာကျင်မှုကို ခံစားခဲ့ရပြီး ကုသမှုခံယူဖို့ ဆေးခန်းကိုသွားပြတော့မှ ကိုယ်ဝန် ၃၆ ပတ်အထိ ရှိနေကြောင်းသိရှိခဲ့ရတယ်လို့ News Straits Times သတင်းကဖော်ပြခဲ့တာပါ။

ညီမငယ်ဟာ အဲ့ဒီနေ့မှာပဲ ကလေးကိုမွေးဖွားခဲ့ရပြီး ရဲကစစ်ဆေးတဲ့အခါမှာတော့ သူ့အနေနဲ့ မိသားစုဝင်တွေ အဝေးမှာရောက်ရှိနေထိုင်နေချိန် ၂၀၁၇ ခုနှစ် နှောင်းပိုင်းကာလက တည်းက အကိုအရင်းနှစ်ယောက်ရဲ့အကြိမ်ကြိမ်အဓမ္မပြုကျင့်ခြင်းကို ခံစားခဲ့ရတာဖြစ်ကြော င်း ထွက်ဆိုခဲ့တာကြောင့် အဖြစ်မှန်အလုံးစုံကိုသိရှိခဲ့ရတာဖြစ်ကြောင်း News Straits Times သတင်းမှာပါဝင်ခဲ့ပါတယ်။

သူ့ရဲ့အကိုနှစ်ဦးကို လက်ရှိအချိန်မှာ စွဲချက်တင်ဖမ်းဆီးထားခဲ့ပြီဖြစ်ပြီး သွေးသားရင်းချာချင်း အဓမ္မပြုကျင့်မှုနဲ့ ပြစ်ဒဏ်ခံယူသွားရမှာဖြစ်ကြောင်းသိရှိရပါတယ်။

Comments are closed.