ပရိသတ်တွေပေးတဲ့ လက်စွပ်တွေများလာရင် ဘုရားမှာ ဌာပနာလုပ်မယ်ဆိုတဲ့ ထက်ယံ

ပရိသတ်တွေပေးတဲ့ လက်စွပ်တွေများလာရင် ဘုရားမှာ ဌာပနာလုပ်မယ်ဆိုတဲ့ ထက်ယံ

လူငယ်ကြိုက်သီချင်း ခပ်မြူးမြူးလေးတွေနဲ့ ပရိသတ်တွေ အမှန်အကန် အားပေးကြတဲ့ အဆိုတော် ထက်ယံကတော့ သူ့ကို သူ့ရဲ့ ပရိသတ်တွေက အမှတ်တရ လက်ဆောင်အနေနဲ့ လက်စွပ်တွေ ပေးတဲ့ အကြောင်းကို ပြောကြားလာခဲ့ပါတယ်။ ထက်ယံကတော့ လူငယ်ပရိသ တ်တွေလည်း အားပေးသလို ခပ်မိုက်မိုက်စတိုင်လ် တွေကြောင့်လည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် ဖြစ်ပါတယ်

။ထက်ယံကတော့ ပရိသတ်တွေ သူ့ကို လက်ဆောင် အနေနဲ့ လက်စွပ်တွေ ပေးကြတဲ့ အပေါ်မှာတော့ “လက်စွပ်လား နောက်မှစုံအောင်ဝတ်ခဲ့မယ် ဖန်တွေကလက်စွပ်တွေပေးတယ် အရင်ကအရုပ်တွေပေးတာ ကျွန်တော်က မိဘမဲ့ကလေးတွေ သွားလှူလိုက်တော့ ဖန်တွေက ရွှေတွေဘဲပေးတော့တယ် ကြွယ်သလိုဖြစ်သွားလား နောက်ထက်၂ကွင်း အိမ်မှာရှိသေးတယ် စုစုပေါင်း၄ကွင်း တချို့ဟာတွေကမဝတ်ဖြစ်ဘဲ သိမ်းထားတာပေါ့နော် ပရိသတ်တွေကပေးတဲ့ လက်ဆောင်တွေပါ”


“အလှည့်ကျဝတ်ပေးဖြစ်တယ် အကုန်လုံးဝတ်ထားရင်လဲ အရှုးလိုဖြစ်နေမယ် အာ့ကြောင့် အလှည့် ကျဝတ်ဖြစ်တယ်။ တချို့ကွင်းတွေက အမေဆီမှာ ကျွန်တော်ဆီထားရင် ပျောက်မှာ ဆိုးလို့ ဒီမှာကျွန်တော်ဆီရှိတာလေး ဝတ်ထားတာပါ နောက်ပြီးအရုပ်တွေကျတော့ သွားပြီးလှူ လိုက်တော့ ဖန်တွေကလက်စွပ်ကျ ကျွန်တော် မလှူမှန်းသိတယ်လေ သူတို့ကရွှေပေးမယ် ဆိုပြီး အတွေးရပြီးပေးတာဖြစ်ပါလိမ့်မယ်”

“ကျွန်တော်ဖန်တွေက ထုူးဆန်းတယ်နဲနဲ ကျွန်တော်အနုပညာပေါ်မှာ ရှုးသွပ်သလိုမျိုး သူတို့ကလဲ ကျွန်တော်အပေါ် နဲနဲလေးတော့သူများထက် ရှုးသွပ်တယ်တင်တယ် ဒါပေမဲ့လဲ အားတက်တာပေါ့နော် အာ့ဒါကြောင့် ကျွန်တော်လုပ်ရမဲ့အလုပ်တွေတိုင်းမှာ ပရိတ်သတ်ေ တွအတွက် အမြဲတမ်းကြည့်ပေးတယ် ပရိသတ်တွေအပေါ်မှာ စိတ်ကိုအရှည်ဆုံးထားပြီး အကောင်းဆုံးဖြစ်အောင် သူတို့အပေါ်ဆက်ဆံပေးတယ်”


CRD-Nanmalgyi

Comments are closed.