အကင်များကို ကင်ဆာမဖြစ်အောင် စားနည်း

အကင်များကို ကင်ဆာမဖြစ်အောင် စားနည်း

အကင်တိုင်းကတော့ ကင်ဆာရောဂါမဖြစ်စေဘူးဆိုပေမယ့် အသားတွေကို ကင်လိုက်တဲ့အခါ ထွက်လာတဲ့ Heterocyclic Amines လို့ခေါ်တဲ့ ဓာတ်ပေါင်းပစ္စည်းတစ်မျိုးဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။

American Institute for Cancer Research ရဲ့ အကြံပြုချက်အရ အကင်တွေကို ကျန်းမာရေးနှင့်ညီညွတ်အောင် အချဉ်တစ်ခုခုနဲ့ တွဲစားသင့်ကြောင်း အကြံပြုထားပါတယ်။

အချိုအကင်ဆိုင်များနှင့် ကျန်းမာရေးကို သေချာစိစစ်တဲ့ဆိုင်များကတော့ အကင်တုတ်ချောင်းများကို သံပုရာကွင်းများ ချိတ်ပေးထားတတ်ပါတယ်။ အကြောင်းကတော့ သံပုရာသီး၊ ရှောက်သီးနှင့် ရှာလကာရည်တို့မှာ ပါဝင်တဲ့ ဗီတာမင်စီ၊ အက်ဆစ်ဓါတ်ဟာ အကင်များမှထွက်ရှိတဲ့ ကင်ဆာဖြစ်စေတဲ့ အရာများကို ချေပစ်ပေးနိုင်စွမ်း ရှိနေလို့ပါပဲ။

ဒါ့ကြောင့် အကင်များကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ မရှောင်နိုင်လို့ စားတော့မယ်ဆိုရင်

  • (၁) ကင်ဆာမဖြစ်အောင် တူးနေတဲ့ နေရာများကို ဖယ်ပစ်ပြီးမှ စားပါ။
  • (၂) သံပုရာသီးကဲ့သို့သော အချဉ်တစ်ခုခုနှင့် အတူတွဲ၍ စားသုံးကြပါ။
  • (၃) အကင်စားပြီးတိုင်း သံပုရာရည်၊ လိမ္မော်ရည်စတဲ့ သစ်သီးဖျော်ရည်တစ်ခုခုကို သောက်ပေးပါ။

လူသားတိုင်း ကင်ဆာရောဂါကင်းဝေး၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား – American Institute for Cancer Research

(unicode)

Comments are closed.