အခြားဘုရင်တွေနဲ့မတူပဲ တမူထူးခြားတဲ့ ထိုင်းနိုင်ငံရဲ့ ဘုရင်သစ် King Rama X

အခြားဘုရင်တွေနဲ့မတူပဲ တမူထူးခြားတဲ့ ထိုင်းနိုင်ငံရဲ့ ဘုရင်သစ် King Rama X

ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုဟာ ဗြိတိန်တော်ဝင်မိသားစုလို မဟုတ်ပဲ အရာရာမှာ လျှို့ဝှ က်နိုင် လွန်းပါတယ်။ နိုင်ငံသားတွေနဲ့ ထိုင်းစာနယ်ဇင်းသတင်းမီဒီယာတွေဟာ တော်ဝင် မိသားစုကို အရှက်ရစေမဲ့ကိစ္စမျိုး လုံးဝမပြုလုပ်ရဘူးဆိုတဲ့အကြောင်း တင်းကြပ်တဲ့ ထိုင်းဥပေ ဒေ တွလည်း ရှိပါတယ်။ King Maha Vajiralongkorn သို့မဟုတ် King Rama X လို့ သိကြတဲ့ ထိုင်းနိုင်ငံရဲ့ဘုရင်သစ်ဟာ (၂၀၁၉) ခုနှစ် မေလမှာ ထီးနန်းဆက်ခံခဲ့တာ ဖြစ်ပါတယ် ။ အင်္ဂလန်နဲ့ သြစတေးလျမှာ ပညာသင်ကြားခဲ့ပြီး စက်ဘီးစီးဝါသနာရှင်လည်းဖြစ်၊ လေယာ ဉ်မောင်း ကျွမ်းကျင်တဲ့အပြင် အိမ်ထောင်(၄) ကြိမ်ပြုခဲ့ဖူးပြီးဖြစ်တဲ့ King Rama X ရဲ့ အကြောင်း ကိုတော့ Insider ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

Vajiralongkorn ရဲ့ အဓိပ္ပါယ်ကတော့ ထိုင်းဘာသာအားဖြင့် ကျောက်မျက်ရတနာ သို့မဟုတ် မိုးကြိုး ဆင်မြန်းသူဖြစ်ပါတယ်။ King Rama X ဟာ အသက်(၁၅) နှစ် (၁၉၇၂) ခုနှစ်ကတည်းက အိမ်ရှေ့စံမင်းသားအဖြစ် လျာထားခံရပြီး ဖြစ်ပါတယ်။ အိမ်ရှေ့စံတစ်ဦးြ ဖစ်ပေမယ့် နိုင်ငံထဲမှာ နေထိုင်တဲ့အချိန် နည်းပါတယ်။ အသက်(၁၃) နှစ်ကနေ (၁၇) နှစ်ထိ အင်္ဂလန်မှာ ကျောင်းတက်ခဲ့ပြီး (၁၉၇၆) ခုနှစ်မှာတော့ သြစတြေးလျစစ်ကောလိပ်ကနေ ဘွဲ့ရခဲ့ပါတယ်။

ဘွဲ့ရပြီးတဲ့နောက် သူဟာ ထိုင်းစစ်တပ်မှာ အရာရှိအဖြစ် ဝင်ရောက်အလုပ်လုပ်ပါတယ်။ သူဟာ စစ်လေယာဉ်တွေကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ (၂၀၁၆) ခုနှစ် Bhumibol ဘုရင်ကြီး သေဆုံးပြီးနောက်မှာတော့သားဖြစ်တဲ့ Vajiralongkorn ဟာ ထိုင်းတော်ဝင်ချကာရီနန်းဆောင်ရဲ့ (၁၀) ယောက်မြောက်အုပ်စိုးသူ Majesty King Rama X အဖြစ် နန်းဆက်ခံခဲ့ပါတယ်။ Vajiralongkorn ရဲ့ ထီးနန်းဆက်ခံတဲ့ အခမ်းအနား ဟာ ဒေါ်လာ(၃၁) သန်းကုန်ကျခဲ့ပါတယ်။

နန်းတက်ပွဲမတိုင်ခင် (၃) ရက်အလိုမှာပဲ Vajiralongkorn ဟာ သူ့ရဲ့ ကိုယ်ရေးသက်တော်ေ စာင့်လည်းဖြစ်၊ နှစ်ရှည်လများတွဲလာတဲ့ ချစ်သူလည်းဖြစ်တဲ့ General Suthida နဲ့ လက်ထပ်ခဲ့ပြီး Suthida ကို မိဖုရားခေါင်ကြီး ရာထူးပေးခဲ့ပါတယ်။ ယခုအကြိမ်ကတော့ Vajiralongkorn အနေနဲ့ (၄) ကြိမ်မြောက် လက်ထပ်တဲ့ မင်္ဂလာပွဲဖြစ်ပါတယ်။ ဇူလိုင်လ တာ့ Vajiralongkorn ဟာ သူ့ရဲ့နောက်ထပ်ရည်းစား၊ စစ်သူနာပြုဟောင်းလည်းဖြစ်တဲ့ Sineenat Wongvajirapakdi ကို တော်ဝင်မောင်းမငယ် ကိုယ်လုပ်တော် အဖြစ် ခန့်အပ်ခဲ့ပါတယ်။


လင်းလင်း (ShweMom)

Comments are closed.