အကောင်းဆုံးဖျက်ထုတ်မှုအဖြစ် ချီးကျူးခံနေရတဲ့ ရုရှားနောက်ခံလူရဲ့အံ့သြမှင်သက်လောက်စရာစွမ်းဆောင်ရည်

အကောင်းဆုံးဖျက်ထုတ်မှုအဖြစ် ချီးကျူးခံနေရတဲ့ ရုရှားနောက်ခံလူရဲ့အံ့သြမှင်သက်လောက်စရာစွမ်းဆောင်ရည်

ရိုစတော့ဗ်အသင်းရဲ့ အသက်(၂၈) နှစ်အရွယ်ရုရှားနောက်ခံလူချာနော့ဗ်ကတော့ သူ့ရဲ့လုပ်ရပ် တစ်ခုကြောင့် ချီးကျူးခံနေရပါတယ်။ ကျွန်တော်တို့တွေမှာ ဘောလုံးပွဲတွေမှာ အကောင်းဆုံး သွင်း ဂိုးတွေကို လက်ခုပ်တီးကြ သလို ကြိုးစားပမ်းစားနဲ့ နောက်တန်းကစားသမားတွေနဲ့ ဖျက်ထုတ်မှုမျိုးကိုလည်း ဂုဏ်ပြုကြရမှာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေအတွင်းမှာ ကျွန်တော်တို့ ကို အံ့သြမှင်သက်သွားစေလောက်တဲ့အထိ နောက်တန်းကစားမားတွေရဲ့ ဖျက်ထုတ် မှုတွေ များစွာ ရှိပါတယ်။


အဲဒီမှာ ချာနော့ဗ်က ဟန်ချက်ပျက်ကာ ဂိုးထဲကို ကျရောက်သွားခဲ့ရပါတယ်။ လိုကို မိုးတစ် ကစားသမားက သာသာယာယာပဲ အနီးကပ်ထပ်မံပိတ်သွင်းယူခဲ့ပါတယ်။ အားလုံးက ဂိုးပြီလို့ ထင်မှတ်ခဲ့ပေမယ့် ဒီအမြင်တွေကို ချာနော့ဗ်က ပြောင်းလဲပေးခဲ့ပါတယ်။

ဂိုးထဲမှာ ဟန်ချက်ပျက်ပြီး လဲကျနေခဲ့တဲ့ချာနော့ဗ်ဟာ ဒီဘောလုံးကို မရမက ကိုယ်လုံးနဲ့ ဖျက်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ချာနော့ဗ်ရဲ့ ရဲစွမ်းသတ္တိ၊ ချာနော့ဗ်ရဲ့စိတ်ဓာတ်ကတော့ တကယ့်ကို ချီးကျူးစရာလို့သာ ဆိုရမှာပါ။ ဒါကြောင့် ပရိသတ်တွေကိုလည်း ချာနော့ဗ်ရဲ့ဖျက် ထုတ်မှုကို ဖော်ပြပေးလိုက်ရပါတယ်။

ချာနော့ဗ်ရဲ့ အံ့သြမှင်သက်လောက်စရာစွမ်းဆောင်ရည်

Ref: Sportbible

Oz11(မိုမိုလေး)

Comments are closed.