အနီရောငျတောကျတောကျ ဂါဝနျေ လး နဲ့ လှခငြျတိုငျးလှနတေဲ့ ခွူလေး

အနီရောငျတောကျတောကျ ဂါဝနျေ လး နဲ့ လှခငြျတိုငျးလှနတေဲ့ ခွူလေး

“ထာဝရမန္တလေး”ဇာတ်လမ်းတွဲကြီးထဲမှာ အကောင်းဆုံး သရုပ်ဆောင်ပြီးနောက်ပိုင်းမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ ခြူးလေးကတော့ အခုဆိုရင် အောင်မြင်မှုတွေ များစွာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ event ပွဲတွေလည်း ဆက်တိုက်တက်ဖြစ်နေတဲ့ ခြူးလေးကတော့ လတ်တလောမှာ သိဒ္ဓိဝင် စိန်ရွှေရတနာဆိုင် (Singapore ) ဆိုင် မိတ်ဆက်ပွဲ အခမ်းအနားကို အနီတောက်တောက်ဖက်ရှင်လေးနဲ့ တက်ရောက်ခဲ့ တာ တွေ့ ရပါတယ်။ တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ခြူးလေးကတော့ အနီရောင် ဂါဝန်လေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အနီတောက်တောက် ဖက်ရှင်လေးနဲ့ အရမ်းကိုလှနေတဲ့ ခြူးလေးရဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြူးလေးကတော့ “သိဒ္ဓိဝင် စိန်ရွှေရတနာဆိုင် (Singapore ) ဆိုင် မိတ်ဆက်ပွဲ အခမ်းအနား ….မှ ပုံရိပ်လေးများ ….. ချစ်ရတဲ့ ဝီဝီတွေ အများ ကြီးနဲ့တွေ့ခဲ့ရလို့ အရမ်းးပျော် …” ဆိုပြီး သူမရဲ့ အလှပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

လှလိုက်တာ ခြူးလေးရယ်…။

ခြူးလေးကတော့ လတ်တလောမှာ အချစ်ရေးကို စိတ်မဝင်စားသေးပဲ သူမချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း သရုပ်ဆောင်နေရပြီဖြစ်တဲ့ ခြူးလေးကတော့ တလောကလည်း မြင့်မြတ်၊ သက်မွန်မြင့် တို့နဲ့အတူ “ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ” ဇာတ်ကားကိုလည်း ရိုက်ကူးထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ခြူးလေးကိုချစ်ရင် သူမရဲ့ပုံရိပ်လေးတွေကို အချင်းချင်းဝေမျှသွားလိုက်ကြပါဦနော်။

Myint Myat
Source;Chue’s Facebook

Comments are closed.