ဟိုနေ့ကဆို ဝင်းနဲ့ ဇော်တို့မိသားစုရဲ့ နမ်းနေတဲ့ ဓာတ်ပုံလေးမြင်လိုက် ရတဲ့အချိန် မျက်ရည်တောင် ကျတယ်ဆိုတဲ့ သွန်းဆက်

ဟိုနေ့ကဆို ဝင်းနဲ့ ဇော်တို့မိသားစုရဲ့ နမ်းနေတဲ့ ဓာတ်ပုံလေးမြင်လိုက် ရတဲ့အချိန် မျက်ရည်တောင် ကျတယ်ဆိုတဲ့ သွန်းဆက်

သွန်းဆက်ကတော့ အောင်မြင်နေတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ သွန်းဆက်ကတော့ ထိုင်းနိုင်ငံမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရတဲ့ ဝင်းနဲ့ ဇော်တို့နဲ့ ပတ်သက်ပြီး စိတ်မကောင်းြ ဖစ်မိကြောင်းကို ပြောပြလာခဲ့ပါတယ်။

သူမကတော့ “လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးစိတ်ဆင်းရဲနေတာပေါ့နော် ဟိုနေ့ကဆို ဝင်းနဲ့ ဇော်တို့ရဲ့ ဓာတ်ပုံလေးတစ်ပုံတတ်လာတာ သူတို့မိသားစုနမ်းနေတဲ့ ပုံလေးြ မင်လိုက်ရတဲ့အချိန်မျက်ရည်တောင်ကျတယ် သူတို့ကသူများနိုင်ငံမှာ အလုပ်သွားလုပ်ရတာ ဆိုတော့ အားငယ်မှာပဲလေ ကိုယ့်နိုင်ငံကိုယ့်အမိမြေမဟုတ်တဲ့အတွက် အကုန်လုံးက အားငယ် မှာ ပဲလေ ” ဆိုပြီး myanmar loadtvမှာဖြေကြားထားခဲ့ပါတယ်။

သူမကတော့ “နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေအတွက် လုံခြုံပြီး အေးအေးဆေးဆေး အလုပ်လုပ်လို့ ရအောင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံညှိနှိုင်းပြီး ဆောင်ရွက်စေချင်တယ် ” ဆိုပြီး ပြောထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် သွန်းဆက်တစ်ယောက် ထိုင်းမှာ ထောင်ဒဏ်ကျ ခံနေရတဲ့ ဝင်းနဲ့ ဇော်တို့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောထားတဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Comments are closed.