အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃)နှစ်ချမှတ်ခံရတဲ့ ချစ်ရသူ ပိုင်တံခွန်အတွက် ပြောစရာစကားမရှိတော့ အောင် ခံစားနေရတဲ့ ပိုင်တံခွန် ချစ်သူကောင်မလေး

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃)နှစ်ချမှတ်ခံရတဲ့ ချစ်ရသူ ပိုင်တံခွန်အတွက် ပြောစရာစကားမရှိတော့အောင် ခံစားနေရတဲ့ ပိုင်တံခွန် ချစ်သူကောင်မလေး…

နိုင်ငံကျော်ရုံသာမက ပြည်ပနိုင်ငံတွေအထိပါ ထိုးဖောက်အောင်မြင်နေတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ မော်ဒယ်လ် ပိုင်တံခွန်ကတော့ (၅၀၅) က နဲ့ စကစရဲ့ ဖမ်းဆီးတရားစွဲဆိုခြင်းကို ခံခဲ့ရတာ လအတော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၂၇) ရက်နေ့မှာတော့ ပိုင်တံခွန်ဟာ (၅၀၅) ကရဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံလိုက်ရတယ်လို့သိရပါတယ်။

အဆိုပါသတင်းအတွက် ပိုင်တံခွန်ရဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြသလို ပိုင်တံခွန်ရဲ့ ချစ်သူကောင်မလေးကလည်း ပြောစရာစကားမရှိအောင်ကို ဆွံ့အသွားခဲ့ရပါတယ်။

ပိုင်တံခွန်ရဲ့ ချစ်သူကောင်မလေးက သူမရဲ့ အင်စတာဂရမ်အကောင့်မှာ “Fuck” ဆိုပြီး ရေးသားခဲ့ပြီး မတရားပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ပိုင်တံခွန်အတွက် ခံပြင်းဒေါသဖြစ်နေတာပဲဖြစ်ပါတယ်။

Advertisement

ပိုင်တံခွန်ရဲ့ ချစ်သူကောင်မလေးလိုပဲ ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူ မေချစ်သွေးကလည်း မတရားပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ မောင်လေးအတွက် မခံမရပ်နိုင်အောင်ဒေါသဖြစ် ပူဆွေးနေတာကို တွေ့ရပါတယ်။ ပိုင်တံခွန်ရဲ့ သတင်းအတွက် ပရိသတ်တွေလည်း ထပ်တူဝမ်းနည်းနေကြမယ်ဆိုတာ သေချာပါတယ်။

Source: Smile Lmp’s fb

[zawgyi]

အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ (၃)ႏွစ္ခ်မွတ္ခံရတဲ့ ခ်စ္ရသူ ပိုင္တံခြန္အတြက္ ေျပာစရာစကားမရွိေတာ့ေအာင္ ခံစားေနရတဲ့ ပိုင္တံခြန္ ခ်စ္သူေကာင္မေလး…

Advertisement

ႏိုင္ငံေက်ာ္႐ုံသာမက ျပည္ပႏိုင္ငံေတြအထိပါ ထိုးေဖာက္ေအာင္ျမင္ေနတဲ့ ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္နဲ႔ ေမာ္ဒယ္လ္ ပိုင္တံခြန္ကေတာ့ (၅၀၅) က နဲ႔ စကစရဲ႕ ဖမ္းဆီးတရားစြဲဆိုျခင္းကို ခံခဲ့ရတာ လအေတာ္ၾကာျမင့္ခဲ့ၿပီျဖစ္ပါတယ္။ ဒီကေန႔ ဒီဇင္ဘာလ (၂၇) ရက္ေန႔မွာေတာ့ ပိုင္တံခြန္ဟာ (၅၀၅) ကရဲ႕ အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ (၃) ႏွစ္ခ်မွတ္ခံလိုက္ရတယ္လို႔သိရပါတယ္။

အဆိုပါသတင္းအတြက္ ပိုင္တံခြန္ရဲ႕ ရင္းႏွီးတဲ့မိတ္ေဆြေတြ၊ မိသားစုဝင္ေတြနဲ႔ ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ေနၾကသလို ပိုင္တံခြန္ရဲ႕ ခ်စ္သူေကာင္မေလးကလည္း ေျပာစရာစကားမရွိေအာင္ကို ဆြံ႕အသြားခဲ့ရပါတယ္။

ပိုင္တံခြန္ရဲ႕ ခ်စ္သူေကာင္မေလးက သူမရဲ႕ အင္စတာဂရမ္အေကာင့္မွာ “Fuck” ဆိုၿပီး ေရးသားခဲ့ၿပီး မတရားျပစ္ဒဏ္ခ်မွတ္ခံလိုက္ရတဲ့ ပိုင္တံခြန္အတြက္ ခံျပင္းေဒါသျဖစ္ေနတာပဲျဖစ္ပါတယ္။

ပိုင္တံခြန္ရဲ႕ ခ်စ္သူေကာင္မေလးလိုပဲ ပိုင္တံခြန္ရဲ႕ အစ္မျဖစ္သူ ေမခ်စ္ေသြးကလည္း မတရားျပစ္ဒဏ္ခ်မွတ္ခံလိုက္ရတဲ့ ေမာင္ေလးအတြက္ မခံမရပ္ႏိုင္ေအာင္ေဒါသျဖစ္ ပူေဆြးေနတာကို ေတြ႕ရပါတယ္။ ပိုင္တံခြန္ရဲ႕ သတင္းအတြက္ ပရိသတ္ေတြလည္း ထပ္တူဝမ္းနည္းေနၾကမယ္ဆိုတာ ေသခ်ာပါတယ္။

Advertisement

Source: Smile Lmp’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*