ထီလက်မှတ်တစ်စောင်ချင်းစီကနေ ထီဆုအသီးသီးပေါက်ခဲ့တဲ့ လွင်မိုး

ထီလက်မှတ်တစ်စောင်ချင်းစီကနေ ထီဆုအသီးသီးပေါက်ခဲ့တဲ့ လွင်မိုး

သရုပ်ဆောင်လွင်မိုးဟာ ၇ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်း တစ်သောင်းဆု ထီမှာတော့ သူ ထိုးခဲ့တဲ့ ထီလက်မှတ် ၄ စောင် စလုံးက ထီပေါက်ခဲ့တယ်လို့ သိရပါတယ်။ ကျပ် တစ်သိန်းဆု အတွက် ထီလက်မှတ် တစ်စောင်၊ ကျပ် ၅ သောင်းဆုအတွက် ထီလက်မှတ် ၃ စောင် တု့ိက ထီပေါက်ခဲ့တာပါ။

‘’ဒီတစ်ခါတော့ နှစ်သိန်းခွဲ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ လွင်မိုးဟာ ‘’ပ-၃၇၃’’ ဂဏန်းနဲ့ ငွေကျပ် ၁ သိန်းဆု ၊ ကျပ် ၅ သောင်း ဝေဝေဆာဆာ ပဒေသာ ဆုမှာတော့ ‘’ဌ- ၃၇ ၊ ဋ-၃၇ ၊ ဓ-၃၇’’ စတဲ့ ထီလက်မှတ် ၃ စောင် စလုံးက ၅ သောင်းဆီ ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ထီလက်မှတ် ၄ ဆောင်လုံးက ပေါက်ခဲ့တဲ့ စုစုပေါင်းကတော့ ၂ သိန်းခွဲ ပေါက်ခဲ့တာဖြစ်ပါတယ်။ လွင်မိုးအတွက် မိတ်ဆွေ၊ အပေါင်းအသင်းတွေ၊ ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းတွေကို Comment မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေ နဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ သူဟာ ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။


credit – momolay

Comments are closed.