သိန်း ၁၅၀၀ တန် ဂျင်းကွန်ဒိုကိစ္စကို မတရားလို့ ပြောတာပါ ဆိုတဲ့ ပန်ဆ ယ်လို

သိန်း ၁၅၀၀ တန် ဂျင်းကွန်ဒိုကိစ္စကို မတရားလို့ ပြောတာပါ ဆိုတဲ့ ပန်ဆ ယ်လို

မြန်မာပြည်မှာ Customer Rightဆိုတာ ဘာများပါလဲလို့ မေးရမလိုတောင် ဖြစ်နေပြီ။ Customer is alway right အဆင့်ထိကို မပြောလိုပါဘူး။ မမျှော်လင့်ပါဘူး။ ဒါပေမယ့် Customer ရဲ့ အခွင့်အရေးဆိုတာကို ဒီနိုင်ငံကဟာတွေ ဘာမှန်းတောင် သိပါလေစပဲ။


ဝယ်ယူသူ အခန်းရှင်က နေရတာ အဆင်မပြေကြောင်း ဖေ့စ်ဘုတ်မှာ ပိုစ့်တင်တယ်။ တစ်ဖက်က တုန့်ပြန်ပုံက အဆင်မပြေတာတွေကို အဆင်ပြေအောင် ဆောင်ရွက်မပေးဘဲ ရေးသားတဲ့ အခန်းရှင်အမျိုးသမီးကို တရားစွဲဆိုပါသတဲ့။ အိုဘယ့်…Customer Service လို့တောင် တရတော့မလိုပဲ။ အဆင်မပြေလို့ အဆင်မပြေဘူးလေးတောင် ပြောခွင့်မရှိတဲ့ Customer ဘဝ။

လမ်းထဲမှာ မြောင်းပိတ်တယ်… ရေလျှံတယ်။ ရေလျှံတယ်ဆိုတဲ့ အမှန်တရားအတို င်းပြော တာအပြစ်မမြောက်ပါဘူး။ ရေမလျှံဖို့ တာဝန်ရှိတဲ့ အစိုးရရဲ့ အစိတ်အပိုင်းတွေကို ပြောမယ်။ ဒါ တရားစွဲဖို့ အကြောင်းမရှိပါဘူး။ ပြောလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတစ်ယောက်ရဲ့ အခွင့်အရေးမို့ပါ။

ဒါတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိတဲ့ အစိုးရကို ပြည်သူအနေနဲ့ အခွန်ေ ဆာင်ထားပါတယ်။ ပြောရကြေးဆို ပြည်သူဟာ Customer ပါ။ Customer က အဆင်မပြေ လို့ အဆင်မပြေတဲ့ အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိကို ရှိရပါမယ်။

အခုက စည်ပင်ခွန်၊ ဝင်ငွေခွန်လေးပဲ ဆောင်ထားတဲ့ အစိုးရလိုမျိုးပဲ မဟုတ်ဘူး။ သိန်းထောင့် ငါးရာ ကိုယ့်ချွေးနှဲစာနဲ့ ပေးဝယ်ထားတဲ့ အခန်းပါ။ ဒီအခန်းအတွက် ပါဝင်ပါမယ်လို့ ပေးထားတဲ့ ကတိကဝတ်တွေ၊ ပေးရမယ့် Service တွေကို ပေးဖို့ ရောင်းချထားတဲ့ ကုမ္ပဏီမှာ တာဝန် ရှိပါ တယ်။

ဒီတာဝန်ကို မကျေပြွန်လို့ နေထိုင်ရသူမှာ အဆင်မပြေတာကို၊ အဆင်မပြေကြောင်း ထုတ်ေ ဖာ်ပြောဆိုတာကို အဆင်ပြေအောင် ဆောင်ရွက်မပေးဘဲ တရားစွဲဆိုတဲ့ Customer Service မျိုးကိုတော့ သြချရပါတယ်။

နောက်တစ်ချက်က တရားစွဲဆိုပြီး လေးနာရီအတွင်း ဝယ်ယူသူအမျိုးသမီးအိမ်ကို လက်နက်ကိုင်တွေနဲ့ ရောက်လာတယ်လို့ ဝယ်ယူသူအမျိုးသမီးရဲ့ အင်တာဗျူးမှာ ဖြေထားတာ ကြည့်ရပါတယ်။ မြန်မာပြည်က တရားစီရင်ရေးဟာ အဲ့လောက်မမြန်ပါဘူး။ ကျွန်မကို တရားစွဲဆိုထားတဲ့ အမှုရော ကျွန်မက တရားပြန်စွဲထားတဲ့အမှုတွေရော ရှိလို့ သိတာပါ။

တရားစွဲဆိုဖို့ ရဲစခန်းမှာ အမှုဖွင့်ရင် ထွက်ချက်ယူတာတွေ စောင့်ဆိုင်းရတာတွေနဲ့ လေးနာရီကနေ ခြောက်နာရီအတွင်း ကြာတတ်ပါတယ်။ အမှုဖွင့်ပြီးသွားပြီဆိုရင် စွဲဆိုခံရသူကို ချက်ချင်း ဖမ်းလို့မရပါဘူး။ ဥပဒေအကြံတောင်း တင်တဲ့ကိစ္စကို ရဲတပ်ဖွဲ့က ဆက်ဆောင် ရွက်ရပါတယ်။ တစ်ပတ်ကနေ တစ်လဝန်းကျင် ကြာတတ်ပါတယ်။

စွဲဆိုတဲ့ပုဒ်မနဲ့ အမှုအသွားအလာ ကိုက်ညီမှုရှိမရှိ စစ်ဆေးပြီး သက်ဆိုင်ရာ ရဲစခန်းကို ပြန်ချပေးရပါတယ်။ ၆၆ဃ နဲ့စွဲရင် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တောင်းခံရပါတယ်။ အဲ့မှာ ထပ်ကြာတတ်ပါတယ်။ ဒါတွေအကုန်ပြည့်စုံပြီ၊ ရဲစခန်းကို ပြန်ကျလာပြီဆိုမှ စွဲဆိုခံရသူကို ဆင့်ခေါ်ပါတယ်။

ဆင့်ခေါ်တယ်ဆိုရာမှာ မဖြေရှင်းဘဲ ထွက်ပြေးနိုင်မယ့်သူဖြစ်စေ၊ လူသတ်မှု၊ ဓါးပြမှုလို အာမခံပေးမရတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်ထားသူဖြစ်စေ၊ ပြန်လည် အန္တရာယ်ပြုနိုင်သူဖြစ်စေ၊ ဒီလိုလူတွေကို ဖမ်းဆီးဖို့ကိုသာ လက်နက်ကိုင်တာမျိုး စီးနင်းဝင်ရောက်တာမျိုး လုပ်လေ့ရှိတာပါ။


ကြုံခဲ့ရတဲ့ အတွေ့အကြုံကို မျှဝေတာပါ။ လုပ်ငန်းစဉ်တွေ ဘယ်လိုရှိလဲတော့ အတိအကျ နားမလည်ပါဘူး။ တရားစွဲဆိုပြီး လေးနာရီအတွင်း ရဲတွေ အိမ်တံခါးလာခေါက်တဲ့ ဝယ်ယူမိ သူအမျိုးသမီးအကြောင်း သတင်းမှာ ဖတ်ရတော့ ဟာ အတော်အလုပ်လုပ်ကြပါလားလို့တောင် အံ့သြမှင်သက်ဖြစ်မိပါတယ်။ ဂုဏ်သိက္ခာထိပါးအောင် ဖေ့စ်ဘုတ်မှာ ရေးသားပါတယ်ဆိုတဲ့ အမှုကို

လေးနာရီအတွင်း အိမ်အရောက် တံခါးခေါက်နိုင်အောင် မြန်ဆန်တဲ့ အလုပ်လုပ်တဲ့ အဖွဲ့အစည်းအတွက် အရမ်းဂုဏ်ယူမိသလို ဒီလို အလုပ်လုပ်တဲ့ အဖွဲ့အစည်းတွေ ရှိလျက်သား နဲ့ ငါးလောင်းပြိုင်တွေ လေးလောင်းပြိုင်တွေ၊ ပိုင်ရှင်မဲ့ မူးယစ်ဆေးကွန် တိန်နာ လိုက် သတင်းတွေက ကောလဟလတွေပဲ ဖြစ်မှာပါလို့ တွေးထင်မိပါတယ်။

ဘာပဲဖြစ်ဖြစ် သိန်း(၁၅၀၀)ဖြင့် ကွန်ဒိုဝယ်ယူပါက ၆၆ဃနှင့် အထူးစပယ်ရှယ် ဝန်ဆောင် မှုပေးတဲ့ ကုမ္ပဏီနာမည်လေးတော့ တစ်သက်မမေ့နိုင်တော့ပါဘူးနော်။

Comments are closed.