ထိုင်းနိုင်ငံရဲ့နာမည်ကြီး မင်းသားနဲ့ အမှတ်မထင် တွေ့ဆုံခဲ့တဲ့ ပိုင်တံခွန်

ထိုင်းနိုင်ငံရဲ့နာမည်ကြီး မင်းသားနဲ့ အမှတ်မထင် တွေ့ဆုံခဲ့တဲ့ ပိုင်တံခွန်


ချစ်ပရိသတ်တွေအတွက် အရမ်းကို ချောတဲ့ ထိုင်းမင်းသားကြီး Ananda Everingham နဲ့ တွေ့ဆုံခဲ့တဲ့ ပိုင်တံခွန်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ “I met with him” ဆိုပြီး ထိုင်းမင်းသားကြီးနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်း ပျော်ရွှင်စွာ ရေးသားထားတာပါ။ ထိုင်းမင်းသား Ananda Everingham ကတော့ Garnier ကြော်ငြာနဲ့ ခန့်ညားတဲ့ မင်းသားကြီးဆိုပြီး မြန်မာပရိသတ်တွေ သတိထားမိခဲ့တာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အရမ်းအောင်မြင်တဲ့ မင်းသား Ananda Everingham ကတော့ တလောကလည်း မင်းသမီးချောလေး Baifern နဲ့ “Secret Gardan” ဇာတ်လမ်းတွဲကို အတူရိုက်ကူးထားပြီး ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကို ရရှိခဲ့ပါသေးတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကို တစ်လှည့်စီ ကူးပြီး အလုပ်တွေများနေတဲ့ ပိုင်တံခွန်ကတော့ လက်ရှိမှာ ပုဂံသို့ ရိုက်ကူးရေးတစ်ခုအတွက် ရောက်ရှိနေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ကြည့်ကောင်းတဲ့ မြန်မာမင်းသားနဲ့ ထိုင်းမင်းသား နှစ်ယောက် ဆုံတွေ့ခဲ့တဲ့ ပုံရိပ်လေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

credit – momolay

Comments are closed.