မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သေ ရရှိရှိ လိုက်ဖက်စွာတွေ့ရတဲ့ ပိုင်တံ ခွန်နဲ့ ဖွေးဖွေး

မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သေ ရရှိရှိ လိုက်ဖက်စွာတွေ့ရတဲ့ ပိုင်တံ ခွန်နဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသားနဲ့ မင်းသမီးချောလေးဖြစ်တဲ့ ပိုင်တံခွန်နဲ့ ဖွေးဖွေးက ကျရာပုံစံအတိုင်း လိုက်ရောညီထွေစွာ သရုပ်ဆောင် နိုင်ကြသူတွေ ဖြစ်ပါတယ်။ အောင်မြင်မှုတွေ ကိုယ်စီ ရရှိနေတဲ့ ဖွေးဖွေးနဲ့ ပိုင်တံခွန်က အခုနောက်ပိုင်း အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်လာကြတာကို တွေ့ရပါတယ်။ အတွဲညီလွန်းတဲ့ ဖွေးဖွေးနဲ့ ပိုင်တံခွန်ကို ပရိသတ်တွေကလည်း တစ်ခဲနက် အားပေးကြတာကို တွေ့ရပါတယ်။

ဒီတစ်ခေါက်မှာတော့ ဖွေးဖွေးနဲ့ ပိုင်တံခွန်က ရွှေလွန်းလိပ်ပြာ ပိုးထည်ဆိုင်အတွက် တွဲဖက်ပြီး ကြော်ငြာရိုက်ကူးပေးခဲ့တာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဖွေးဖွေးနဲ့ ပိုင်တံ ခွန် ရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဖွေးဖွေးနဲ့ ပိုင်တံခွန်က မကြာသေးခင်ကလည်း ကြော်ငြာတွေကို ဆက်တိုက်ဆိုသလို အတူတူ ရိုက်ကူးနေပြီး ပရိသတ်တွေကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်။

ပိုင်တံခွန်နဲ့ ဖွေးဖွေးတို့ကတော့ မြန်မာဆန်ဆန်လေးနဲ့ အရမ်းကို ကျက်သရေရှိနေတာပဲနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်နဲ့ ဖွေးဖွေးတို့ရဲ့ ချစ်စရာကောင်းတဲ့ မြင်ကွင်းလေးကို သဘောကျကြမယ် ထင်ပါတယ်။

ဖွေးဖွေးနဲ့ ပိုင်တံခွန်ကတော့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှနဲ့ ကြော်ငြာရိုက်နေကြတာ ချစ်စရာလေးတွေနော်။ ပရိသတ်ကြီးလည်း ဖွေးဖွေးနဲ့ ပိုင်တံခွန်တို့ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

cerdit-momolay

Comments are closed.