ဒီနေ့ခေတ်လူငယ်တွေအတွက် မှတ်သားစရာ စကားတစ်ခွန်းကို ပြောလိုက်တဲ့ စိုင်းစိုင်း “

ဒီနေ့ခေတ်လူငယ်တွေအတွက် မှတ်သားစရာ စကားတစ်ခွန်းကို ပြောလိုက်တဲ့ စိုင်းစိုင်း “

“ပိတောက်ကတဲ့ ဂီတ”ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေဆဲဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြား လူကြိုက်များနေတဲ့ သရုပ်ဆောင်နဲ့ အဆိုတော် တစ်ယာက်ပဲဖြစ်ပါတယ်။ ကိုယ်တိုင်ခံစားချက်နဲ့ သီချင်းတွေကို ရေးစပ်တဲ့ နေရာမှာလည်း အောင်မြင်နေတဲ့ တေးရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ ကိုယ်ပိုင်သံစဉ်တွေကို သီဆိုလေ့ ရှိတဲ့ အဆိုတော်တစ်ယောက်ဆိုလည်း မမှားပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ(၂၄)ရက်နေ့ကလည်း အနုပညာညီအစ်ကို မောင်နှမတွေကျင်းပတဲ့ ရံပုံငွေဘောလုံးပွဲမှာ အဓိကသော့ချက်ဖြစ်တဲ့ ဂိုးဖမ်းသူနေရာကနေ ပါဝင်ဆောင်ရွက်ခဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ နောက်လာမယ့် စက်တင်ဘာလ(၇)ရက်နဲ့ (၈)ရက်နေ့မှာလည်း လူငယ်တစ်ယောက်အနေနဲ့ အနုပညာလေးသင်းပတ်လည် ရံပုံငွေဘောလုံးပွဲမှာ ပါဝင်ကစားသွားမယ်လို့ သိရပါတယ်။

စိုင်းစိုင်းကတော့ လူငယ်ပီပီ တစ်နေ့တာလှုပ်ရှားမှုတွေနဲ့ ပရိသတ်တွေအတွက် ဗဟုသု တရစေ မယ့် အရာတွေကို သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ မျှဝေလေ့ရှိသူ တစ်ယောက် လို့လည်းဆိုနိုင်ပါတယ်။ လက်ရှိမှာလည်း “ဒီနေ့ခေတ်ကမ္ဘာမှာ လူတွေဟာ ပူဖောင်းနဲ့တူတယ် ။ ချက်ခြင်းလည်းဖောင်းကားပြီးနာမည်ကြီးနိုင်တယ်။ ရုတ်တရက်လည်း ပိန်ရှုံ့ပြီးနာမည် ကျနိုင်တယ်။ အရေးကြီးတာ အထဲမှာ အစာဘယ်လောက်ဖြည့်ထားပါသလဲ ။လေလျော့ (သို့မဟုတ် ) ပေါက်ကွဲသွားတဲ့အခါ အသားတင်ကျန်ရစ်မှာ ပညာအရည်အချင်းဖြစ်ပါတယ်” လို့ ဒီနေ့ခေတ်လူငယ်တွေအတွက် မှတ်သားစရာ စကားတစ်ခွန်းကို သူ့ရဲ့ လူမှုကွန်စာမျက် နှာကနေဖော်ပြထားတာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်……။ဦးစိုင်းကတော့ လေးစားစရာကောင်းတဲ့ အနုပညာရှင်တစ်ယောက်ပါနော်……။

credit – celegabar

Comments are closed.