အမှုဖြစ်ခဲ့တဲ့နေရာမှာပဲ ”မြ”ရုပ်ရှင်ကိုရိုက်မယ့် ညိုမင်းလွင်

အမှုဖြစ်ခဲ့တဲ့နေရာမှာပဲ ”မြ”ရုပ်ရှင်ကိုရိုက်မယ့် ညိုမင်းလွင်

ဒါရိုက်တာ ညိုမင်းလွင်ကတော့ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ မိန်းကလေး ‘’မြမြ’’ရဲ့ အကြောင်းကို ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ ပြင်ဆင်ပြီးပြီလို့ သိရပါတယ်။ အမှုတကယ်ဖြစ်ခဲ့တဲ့ နေရာမှာပဲ သွားရိုက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ဇာတ်ညွှန်းက တစ်ကားလုံးပြီးသွားပြီ။ Story Book တွေလည်း ပြီးတဲ့ဟာတွေတော့ ပြီးနေပြီ။ Location လိုက်ကြည့်တဲ့ အဆင့်ကိုရောက်သွားပြီပေါ့။ နေရာကတော့ တောင်ဒဂုံစက်မှုဇုန်၊ တကယ်ဖြစ်ခဲ့တဲ့ နေရာကို ရွေးထားပါတယ်’’ လို့ သူကဆိုပါတယ်။


‘’ သင်ဇာဝင့်ကျော်ကို ကျွန်တော် သဘောကျတဲ့အချက်က သူက သူလုပ်ရမယ့်ဟာကိုပဲ စိတ်ဝင်စားတယ်။ ကျန်တာ သူနဲ့ တွဲဖက်ရမယ့်သူ ဘယ်သူပဲဖြစ်ဖြစ် ဒါက ကျွန်တော့် အပိုင်းဖြစ်သွားပြီ။ သူနဲ့ မဆိုင်တာကို လိုက်လည်း မမေးဘူး၊ ဒီအပေါ်မှာလည်း ကောင်းခြင်း၊ ဆိုးခြင်း ဘာမှ မှတ်ချက်မချဘူး။ သူလုပ်ရမယ့် မြမြ ဆိုတာကိုပဲ စိတ်ဝင်စားတယ်။ သင်ဇာဝင့်ကျော်ကို ကျွန်တော်ကြိုက်တာ အဲ့ဒါ’’ လို့ ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။


’သင်ဇာဝင့်ကျော်နဲ့ ကျွန်တော်နဲ့ အရှေ့မှာ ဗီဒီယိုတွေလည်းရိုက်ဖူးတယ်လေ။ ကျွန်တော်တို့ အချင်းချင်းကျတော့ ရုပ်ရှင်တစ်ကားရိုက်ဖို့အတွက် အများကြီး ညှိနှိုင်းနေစရာမလိုတဲ့ အထဲမှာ ပါတာပေါ့နော်။ တစ်ယောက်ကို တစ်ယောက် အကြောင်းသိနေခဲ့ကြပြီးပြီ။ ကျွန်တော် ဘယ်လို ရိုက်မယ်ဆိုတာကိုလည်း သူသိတယ်၊ သူဘယ်လောက် လုပ်နိုင်မလဲဆိုတာကိုလည်း ကျွန်တော် သိတယ်။ အဲဒီအတွက် အများကြီး ညှိနှိုင်းစရာ မလိုဘူးပေါ့’’ လို့ ဆိုပါတယ်။

ညိုမင်းလွင်(Nyo Min Lwin) က ညကျောင်း၊ ဒိုင်နိုဆောရွာ၊ ရန်ကုန်မြို့ပြရုပ်ရှင်ဇာတ်ကား အပြင် ဇီးကွက်သေတ္တာရုပ်သံဇာတ်လမ်းတွဲ တို့ကိုလည်း ရိုက်ကူးထားပါသေးတယ်။ နောက် ထပ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများကြီးပါ။သူကိုယ်တိုင်ရိုက်ကူး ထား တဲ့ ‘’မေထုန်ရာသီဖွား’’ ရုပ်ရှင်ကားကြီးကတော့ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ‘’မနုစာရီ’’ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း လက်ရှိမှာ ပုံဖော်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ညိုမင်းလွင် ကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ဦးအဖြစ်ကတည်းက အားပေးလာ ခဲ့ကြတာဖြစ် ပါတယ်။

credit – celeyatkwat

Comments are closed.