ကိုယ့်ကို ငြင်းလိုက်တဲ့ အမျိုးသားကို ခြိမ်းခြောက်စာပေါင်း ၁၅၉၀၀ ကျော်ပို့ခဲ့တဲ့ အမျိုးသမီးအဖမ်းခံရ

ကိုယ့်ကို ငြင်းလိုက်တဲ့ အမျိုးသားကို ခြိမ်းခြောက်စာပေါင်း ၁၅၉၀၀ ကျော်ပို့ခဲ့တဲ့ အမျိုးသမီးအဖမ်းခံရ

အသက် ၃၁ နှစ်အရွယ် jacquelyn Ades ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ Millionaire Dating ဆိုတဲ့ Website ကတစ်ဆင့် ကော့စမက်တစ်ရောင်းဝယ်ရေး CEO တစ်ယောက် နဲ့ချိတ်မိခဲ့တာဖြစ်ပါတယ် ။ သူတို့နှစ်ယောက် တစ်ကြိမ်ချိန်းတွေ့ခဲ့ပြီးနောက် အမျိုးသားဘ က်မှ အဆင်မပြေတဲ့အတွက် လမ်းခွဲဖို့ပြောဆိုခဲ့ပေမယ့် အမျိုးသမီးဘက်ကတော့ လက်မခံ ခဲ့ပါဘူး ။ Ades ဟာဆိုရင် ဒီအမျိုးသားရဲ့ အိမ်ထဲကိုဖောက်ဝင်ပြီး ရေချိုးခန်းထဲမှာ ဝင်ထိုင် နေ တာမျိုးတွေတောင်လုပ်ခဲ့ပါသေးတယ် ။

ထို့အပြင် အမျိုးသားရဲ့ကုမ္ပဏီကိုလည်း သူ့ဇနီးလို့ သွားရောက်မိတ် ဆက်ခဲ့ပါသေးလို့သိ ရပါတ ယ် ။ ရဲတွေကိုသူမကိုဖမ်းဆီးခဲ့တာကတော့ အမျိုးသားရဲ့အိမ်မှာဖြစ်ပြီး သူမရဲ့ကား ထဲမှာလည်း အသားလှီးဓါးတစ်ချောင်းတွေ့ခဲ့ရတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြ ထားတာ တွေ့ ရပါတယ် ။သူတို့နှစ်ယောက်ချိန်းတွေ့ခဲ့ကြတာတော့ လွန်ခဲ့တဲ့ ၁ နှစ်လော က်ကဖြ စ်ပြီး ၁ ၀ လအတွင်းမှာ ခြိမ်းခြောက်စာပေါင်း ၆၅၀၀၀ ပို့ခဲ့တာကိုတွေ့ရှိရပါတယ် ။

စုစုပေါင်း ခြိမ်းခြောက်စာအရေအတွက် ၁၅၉ ၀၀၀ ကျော်ပို့ခဲ့တဲ့နောက်မှာတော့ အမျိုးသား က ရဲတွေဆီတိုင်ကြားခဲ့တာပဲဖြစ်ပါတယ် ။”ရှင်ဘာပဲလုပ်လုပ် ရှင်ကျွန်မဆီကို ရောက်လာ ရမယ်….ကျွန်မဆီကထွက်သွားဖို့တော့မကြိုးစားနဲ့…ရှင့်ကိုသတ်မှာ..ကျွန် မလူသတ်သ မားမဖြစ် ချင်ဘူးနော်””ရှင့်ကျောက်ကပ်ကို ဆူရှီလုပ်ပြီးတော့ လက်ချောင်းရိုးကို တူလိုသုံး ပြီး ထိုင်စားပစ်ဦးမှာ ” အစရှိတဲ့ခြိမ်းခြောက်စာတွေပို့ခဲ့တဲ့အတွက် ရဲတွေက သူမကို ဖမ်းဆီးခဲ့ရတာပဲဖြစ်ပါတယ်။

သူ့ကိုစစ်ဆေးတဲ့အခါမှာတော့ … အမျိုးသားက သူ့ကိုစိတ်မဝင်စားဘူးဆိုတာ သိတဲ့အကြော င်း..စာတွေကိုလည်းအပျော်သဘောနဲ့ပို့ခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေကြားထားပါတယ်။
“အင်းပေါ့ လေ….သူ့အတွက်တော့ ဒီလိုခံစားရမှာပေါ့….သူကတကယ်ချစ်စရာ ကောင်းတယ်…အရမ်းချစ်ဖို့ကောင်းလို့ သူ့ကိုစမိတာ….ခြိမ်းခြောက်သလိုဖြစ်သွားခဲ့တာကို လုံးဝမယုံနိုင်ဘူး” လို့ရဲတွေကိုဖြေကြားထားပါတယ်။

Ades ကို နောက်လမှာ ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးသွားမှာဖြစ်ပြီး လက်ရှိအချိန်ထိ တော့ အာမခံပေးခွင့်ကို ပိတ်ပင်ထားတုန်းပါပဲ။

Writer – Min Thu ( XYZ News )

Comments are closed.