အွန်လိုင်းမှာ လူကြည့်များနေတဲ့ ချစ်သူအတွက် မိုင်ထောင်ချီခရီးနှ င်ခဲ့တဲ့ အမျိုးသားရဲ့ ဗီဒီယိုဖိုင်

အွန်လိုင်းမှာ လူကြည့်များနေတဲ့ ချစ်သူအတွက် မိုင်ထောင်ချီခရီးနှ င်ခဲ့တဲ့ အမျိုးသားရဲ့ ဗီဒီယိုဖိုင်

အချစ်နဲ့တွေ့တဲ့အခါ လူတွေဟာ သာမန်အချိန်မှာ ပြုလုပ်ဖို့ခဲယဉ်းတဲ့ ထူးထူးဆန်းဆန်းအ ရာတွေကို ပြုလုပ်လေ့ရှိပါတယ်။ အချစ်ရဲ့စေခိုင်းမှုကြောင့် ကိုယ့်ချစ်သူရဲ့အပြုံးတစ်ပွင့်ကို တွေ့ရဖို့အရေး ဘယ်လောက်ဝေးဝေး ရောက်အောင်သွားမယ်ဆိုတဲ့ လူစားမျိုးတွေလည်း ရှိပါသေးတယ်။ ဒီလိုလူတွေထဲမှာတော့ အာကီဆိုသူ အမျိုးသားတစ်ယောက်လည်း ပါဝင်တာကို worldofbuzz သတင်းဌာနအရ သိရပါတယ်။ အာကီဟာ အမေရိကန်မှာ နေထိုင်ပြီး အင်ဂျင်နီယာဘာသာရပ်ကို လေ့လာဆည်းပူးနေတဲ့ အသက်(၂၃) နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။

သူဟာ နွေရာသီတစ်လျှောက်လုံး တစ်ပတ်ကို နာရီပေါင်း(၄၀) အလုပ်လုပ်ပြီး သြစတေးလျမှာ ရှိတဲ့ ချစ်သူဆီ သွားတွေ့နိုင်ဖို့ ပိုက်ဆံစုခဲ့တာပါ။ အာကီရဲ့ ကောင်မလေး ဆိုဖီယာကတော့ အသက်(၂၂) ရှိပါပြီ။ ဆိုဖီယာကလည်း သြစတေးလျမှာ ကျောင်းတက်နေတာ ဖြစ်ပါတယ်။

အခုအွန်လိုင်းမှာတွေ့ရတဲ့ ဗီဒီယိုဖိုင်လေးကတော့ အာကီက အမေရိကန်ကနေ ချစ်သူကော င်မလေးဆီအသွား သူပြင်ဆင်ခဲ့ရပုံကနေ သြစတေးလျမှာကောင်မလေးနဲ့ တွေ့ဆုံပြီး အိမ်ပြ န်ရောက်တဲ့အချိန်အထိကို ဗီဒီယိုရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ လူငယ်ေ တွကြားက ချစ်ခြင်းမေတ္တာကို ကြည်နူးစရာကောင်းလောက်အောင် တွေ့ရမှာပဲ ဖြစ်ပါတယ်။ ကောင်မလေးနဲ့တွေ့ဖို့ ကိုယ်တိုင်အလုပ်လုပ်၊ ပိုက်ဆံစုပြီး ချစ်ရသူဆီ အရောက်သွားဖို့အတွက် ပြင်ဆင်နေခဲ့တဲ့ အာကီကတော့ အမျိုးသမီးတိုင်း နှစ်သက်သဘောကျစရာ ရိုမန်းတစ်ဆန် ဆန်ချစ်တတ်တဲ့ အရည်အချင်းတွေရှိနေတာကိုလည်း တွေ့ရမှာပါ။


Travelled 14,477 km from the US to Australia to meet my girl ♥️🥺 pic.twitter.com/Z01OzLrsJ2— aqil harith amran (@aqilharithamran) August 25, 2019

လင်းလင်း (ShweMom)

Comments are closed.