ချစ်ရတဲ့ မိန်းကလေးတစ်ယော က်အကြောင်း ပထမဦးဆုံးအကြိမ် ထုတ်ပြောလာတဲ့ ဇေရဲထက်

ချစ်ရတဲ့ မိန်းကလေးတစ်ယော က်အကြောင်း ပထမဦးဆုံးအကြိမ် ထုတ်ပြောလာတဲ့ ဇေရဲထက်

ပရိသတ်တွေအရမ်းချစ်ကြတဲ့ မင်းသားချောလေး ဇေရဲထက်ကတော့ အနုပညာကို ချစ်မြတ်နိုး လွန်းလို့ အကောင်းဆုံးကြိုးစားပြီး ရှေ့ဆက်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သတ်ပြီး ဘယ်တုန်းကမှ ထုတ်မပြောဖူးတဲ့ ဇေရဲထက်ကတော့ လတ်တလော မှာ သူအရမ်းချစ်ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ရင်ဖွင့်လာတာ တွေ့ရပါတယ်။ ဇေရဲ ထက်ရဲ့စာ ကိုဖတ်ပြီး ပရိသတ်တွေအားလုံးကလည်း သူမဆိုတာကို အရမ်းစိတ်ဝင် စားနေကြ တာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးစရာကောင်းတဲ့ ဇေရဲထက်ရဲ့စာသားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဇေရဲထက်ကတော့ “ကျနော် သူမ ကိုချစ်တယ် သူမကို ပျော်စေချင်တယ် လူ့ဘဝတိုတိုမှာ သူမကို စိတ်ချမ်းသာစေချင်တယ် သူမမျက်နာလေးအမြဲပြုံးရွှင်ပြီးဘုရားတရား လုပ်နေတဲ့ ဝတ်ဖြူစင်ကြယ်လေးဝတ်ထားရင် ရင်ထဲအေးချမ်းပြီးကိုယ်ပါ စိတ်ချမ်းသာတယ်❤️❤️❤️တခါတလေ အရမ်းမောတတ်တဲ့သူ့ကို စိတ်ချမ်းသာမှု့တွေပဲ လောကကြီးက ပေးပေးပါ လို့တောင်းဆိုပါရစေ🙏🙏🙏အိပ်ရေးမပျက်စေနဲ့” ဆိုပြီး သူမနဲ့ပတ်သတ်ပြီး လေးလေးန က်နက် နဲ့ တည်တည်ငြိမ်ငြိမ်ပြောထားတာပါ။

ဇေရဲထက်ပြောတဲ့ သူမဆိုတာ ဘယ်သူပါလိမ့်နော်…။

အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းလိုလို ပရိသတ်တွေကို အား ရကျေ နပ်စေခဲ့တဲ့ ဇေရဲထက်ကတော့ ပရိသတ်တွေရင်ထဲက အကယ်ဒမီကို ပိုင်ဆိုင်ထားတဲ့ မင်းသားချောလေးတစ်ဦးပါ။ လတ်တလောမှာတော့ ဇေရဲထက်က ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေပြီး တစ်ခြားသောအနုပညာလှုပ်ရှားမှုတွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါ တယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်တတ်လွန်းတဲ့ နှလုံးသားကို ပိုင်ဆိုင် ထားတဲ့ ဇေရဲထက်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

credit – momolay

Comments are closed.