မိန်းကလေးများ ပျက်စီးရတဲ့ အကြောင်းအရင်း ( ၉ ) မျိုး

မိန်းကလေးများ ပျက်စီးရတဲ့ အကြောင်းအရင်း ( ၉ ) မျိုး

တချို့မိဘတွေက သူတို့ သမီးပျိုလေးများကို မပျက်စီးအောင် ဘယ်လို ဆုံးမပေးရမလဲ။

ဘယ်လိုပြုလုပ် သင့်ပါသလဲ လို့ မေးလာကြတဲ့ အတွက် မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးကို ရေးသားပေးလိုက်ပါတယ်။

ဒီအချက်တွေကို မိမိတို့သမီးများ မပြုလုပ်မိအောင် စောင့်ရှောက်ကာကွယ် သတိပေးထား မယ်၊ သမီးဖြစ်သူများကလည်း စောင့်ထိန်း လိုက်နာမယ် ဆိုရင်တော့ ပျက်စီးခြင်းများ ကနေ လွတ်ကင်းပါလိမ့်မယ်။

  • ၁။ ပန်းခြံများသို့ အသွားများခြင်း။
  • ၂။ ဥယျာဉ်များသို့ အသွားများခြင်း။
  • ၃။ ရေဆိပ်သို့ အသွားများခြင်း။
  • ၄။ ဆွေမျိုးအိမ်သို့ အသွားများခြင်း။
  • ၅။ မကောင်းတဲ့ မိတ်ဆွေများထံသို့ အသွားများခြင်း။
  • ၆။ မှန်ကြည့်ခြင်း၊ အဝတ်အစား၊ ပန့်နံ့သာဆင်ခြင် ခြယ်သမှုများခြင်း။
  • ၇။ မူးယစ်စေတတ်တဲ့ အရက်သေစာများ သောက်စားခြင်း။
  • ၈။ ပြတင်းပေါက် အပြင်သို့ အကြည့်များခြင်း။
  • ၉။ အိမ်တံခါးဝကနေ မိမိခန္ဓာကိုယ်ကို အလှပြများခြင်း။

အထက်ပါ(၉)ချက်ထဲက တစ်ခုခုလွန်ကဲနေတဲ့ မိန်းကလေးဟာ ပျက်စီးခြင်း ဆိုက်ရောက်ရပါတယ်။ (ကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ နှာ-၁၂၀၊)

ဒါတွေကတော့ မြတ်ဗုဒ္ဓခေတ်က နေရာဒေသနဲ့ အခြေအနေများ ဖြစ်ပါတယ်။ အဲဒီနေရာ ဒေသတွေနဲ့ အခြေအနေများကို မျက်မှောက်ခေတ်နဲ့ အစားထိုးကြည့်ပြီး သွားသင့် မသွားသင့်၊ ပြုလုပ်သင့် မပြုလုပ်သင့်ကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။

တချို့က မိန်းကလေးများ ဘီယာသောက်ခြင်း၊ အရက်သောက်ခြင်းများဟာ မိန်းကလေးသိက္ခာ မထိခိုက်ဘူး။ မိန်းကလေးဣန္ဒြေ ကျဆင်းမသွားဘူးလို့ ယူဆတတ်ကြပါတယ်။

အဲဒီလို ယူဆတဲ့မိန်းကလေးများဟာ မိမိတို့မိန်းကလေးတန်ဖိုးကို အလေးမထားသူများသာ ဖြစ်ပါတယ်။ အဲဒီလို မိန်းကလေးများ ပြုလုပ်တာကို အပြစ်မဟုတ်ဘူးလို့ ယူဆကြတဲ့ ယောကျ်ားလေး များကလည်း သူတို့ကိုယ်တိုင် ယောကျ်ာလေး သိက္ခာ မရှိသူများသာ ဖြစ်ပါလိမ့်မယ်။

အထက်က ဖော်ပြခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးထဲမှာ အရက်သေစာ သောက်စားခြင်းဆိုတာ ပါနေတဲ့အတွက် ယနေ့ခေတ် မိန်းကလေးများ အနေနဲ့ အထူးသတိထား ဆင်ခြင်သင့်တယ် ဆိုတာ မမေ့ပါနဲ့။ မိမိက မိန်းကလေးမို့ မိန်းကလေး ပီသအောင် နေထိုင်ဖို့ လိုပါတယ်။ ယောကျ်ားလေးကလည်း

ယောကျ်ားလေး ပီသအောင်၊ ရဟန်းသံဃာ ဆိုရင်လည်း ရဟန်းသံဃာ ပီသအောင်၊ မိဘဆရာ သမား လူကြီးဆိုရင်လည်း သူ့အဆင့်နဲ့သူ ပီသအောင် နေထိုင်မှသာ မိမိကိုယ်ကိုကိုယ် လည်း ကြည်ညို လေးစားမိပြီး အများကလည်း လေးစားတဲ့သူ ဖြစ်နေမှာပါ။

အဲဒါမှသာ လောကရှိ သတ္တဝါများဟာ သူကိုလည်း ကိုယ်ကလေးစား၊ ကိုယ့်ကိုလည်း သူကလေးစားနေမယ် ဆိုရင် အရာအားလုံးဟာ သင့်တင့် လျောက်ပတ်စွာနဲ့ ပြည့်စုံနေပါ လိမ့်မယ်။

စာဖတ်သူများ ကိုယ်စိတ်နှစ်ပါး ချမ်းသာပြီး လိုရာခရီးကို လျင်မြန်စွာ လျှောက် လှမ်းနို င်ပါစေ လို့ ဆန္ဒပြုလျက်….။

မူရင်း=မိန်းကလေးများ ပျက်စီးခြင်း (၉) မျိုး

Comments are closed.