အသည်းကွဲပြီးမှ ပိုပိုပြီးဂေါ်လာတဲ့ နေခြည်ဦးရဲ့အမိုက်စားပုံရိပ်တွေ

အသည်းကွဲပြီးမှ ပိုပိုပြီးဂေါ်လာတဲ့ နေခြည်ဦးရဲ့အမိုက်စားပုံရိပ်တွေ

အနုပညာမှာ ပါရမီထူးလွန်းလို့ သူမလုပ်သမျှ အောင်မြင်မှုတွေ ရရှိနေတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ စိတ်ဓါတ်မာလွန်းတာကြောင့်ရော သူမခြေထောက်ပေါ် သူမ ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တာကြောင့်ပါ ပရိသတ်တွေရဲ့စံထားအားပေးခြင်းကို ရရှိထားတာပါ။ အချစ်ရေးမှာတော့ ကံမကောင်းတဲ့ နေခြည်ဦးကတော့ အသည်းကွဲလို့ မသေသွားဘူးဆိုတဲ့ သူမရဲ့စကားပုံအတိုင်း တစ်နေ့တစ်ခြား ပိုပိုပြီး ဂေါ်လာတဲ့အပြင် သူမကိုယ်သူမ ပိုလှအောင် နေနေတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလိုက်တာ တွေ့ရပါတယ်။ Vape သောက်ရင်း ဂေါ်နေတဲ့ ချီချီရဲ့ပုံရိပ်တွေကတော့ ကြည့်ရုံနဲ့တင် ကြွေချင်စရာပါပဲနော်။

ချစ်ပရိသတ်တွေအတွက် အသည်းကွဲပြီးနောက်ပိုင်း အရမ်းတွေဂေါ်လာတဲ့ ချီချီရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ သူမရဲ့အမိုက်စားပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာပါ။ အသည်းကွဲနေတဲ့ ချီချီလေးကို စိတ်ပူနေကြတဲ့ ပရိသတ်တွေကတော့ သူမအခုလို ခပ်မိုက်မိုက်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနေတာမို့ အရမ်းကို ပျော်နေကြတာပါနော်။


Source;Nay Chi Oo’s Facebook,CRD-MOMOLAY

Comments are closed.