မိသားစုအပေါ်ထားတဲ့ ရည်မှန်းချက်တွေကို ရင်ဖွင့်လာတဲ့ G-Fatt

မိသားစုအပေါ်ထားတဲ့ ရည်မှန်းချက်တွေကို ရင်ဖွင့်လာတဲ့ G-Fatt

G-Fatt ကတော့ သူ့ရဲ့ မိသားစုအပေါ် ထားတဲ့ ရည်မှန်းချက်တွေကို ပြောပြလာပါတယ်။ လက်ရှိ အောင်မြင်မှုကို လျော့သွားမှာကိုလည်း ကြောက်မိတယ်လို့ဆိုပါတယ်။G-Fatt ကတော့ ဂီတလောကမှာ အောင်မြင်တဲ့ လူငယ်အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ ဒီရပ်တည်မှု အခြေအနေကိုလည်း မလျှော့အောင် ဆက်ကြိုးစားဦးမယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ကျွန်တော့်အနေနဲ့ကတော့ အောင်မြင်ခဲ့ဖူးတဲ့ကောင်ပဲကွာလို့ အပြောခံရမှာ အရမ်းကြောက် တယ်။ လက်ရှိ ရှိပြီးသား အခြေအနေလေး ယုတ်လျှော့သွားမှာကို ကျွန်တော် ကြောက်ပါတယ်။ ကျွန်တော့်ကြောင့် ကြောက်တာထက် မိသားစုကြောင့် ကြောက်တာ ပိုဆိုးတယ်။ ကျွန်တော့် မိသားစုကို အခုထားနိုင်တဲ့ အခြေအနေမျိုးကနေပြီးတော့ ရုတ်လျှော့သွားတဲ့ အနေအထားဖြ စ်သွားမှာကြောက်တယ်’’ လို့ သူကဆိုပါတယ်။

G-Fatt ဟာ လက်ရှိမှာတော့ မိသားစုကို လုပ်ကျွေးနေတဲ့ အဆိုတော် တစ်ယောက်ဖြ စ် ပါတယ်။ အောင်မြင်မှု အနောက်ကို လိုက်ပြီး အောက်ခြေလွှတ်သွားမယ့် အဆိုတော် မဖြစ်စေ ရဘူးလို့ သူကဆိုပါတယ်။

‘’ ကျွန်တော်အဆင်မပြေဖြစ်ရင် ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး အနောက်မှာ ဘဝက ၄ ဘဝလောက်ရှိတယ်။ အဲဒါကြောင့် အောက်ခြေလွတ်တာတွေ၊ ဘဝင်မြင့်တာတွေ၊ ရတဲ့ပိုက်ဆံကို သုံးချင်တာတွေသုံး၊ သွားချင်တဲ့နေရာတွေ သွားလိုက်မယ်ဆိုရင် တစ်ကိုယ်ရည်သမားဆို လုပ်မိနိုင်တယ်။ ဒါပေမယ့် မိသားစုရှိတဲ့အတွက် မလုပ်ပါဘူး။ အဖေနဲ့ အမေကို ဒီ့ထက်ပိုပြီးအဆင်ပြေအောင် ထားချင်ပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ၂၄ ရက်နေ့က ရေဘေးရန်ပုံငွေ ဘောလုံးပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

မိသားစုအတွက် G-Fatt ရဲ့ ဆန္ဒကတော့ အရမ်းကို ရည်မှန်းချက် ကြီးပါတယ်။ သူကိုယ်တိုင်ကလည်း အစစအရာရာ ပြည့်စုံသူမဟုတ်တဲ့အတွက် ကြိုးစားနေရတဲ့ အခြေအနေတစ်ခုပါပဲလို့ ဆိုပါတယ်။

လူတိုင်းအမြင်မှာတော့ အဆင်ပြေသွားတယ်လို့ထင်ပေမယ့် အရမ်းအဆင်ပြေတဲ့အနေအထားတော့ မဟုတ်ပါဘူး။ ကြိုးစား ရုန်းကန်နေရတုန်းပါပဲ။ ကျွန်တော်တို့ထက် အဆင်ပြေတဲ့ ဘဝတွေလည်း အများကြီးရှိသလို အဆင်မပြေတဲ့ ဘဝတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့လည်း တောက်လျှောက် အလုပ်တွေ လုပ်နေရမှာပါ။ ရပ်လိုက်တဲ့နေ့ ရပ်လိုက်သလို နောက်ပြန်မဆုတ်သွားချင်လို့ပါ’’ လို့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

G-Fatt ဟာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို အမြဲတမ်း Surprise လုပ်တတ် သူတစ်ယောက်ပါ။သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G-Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G-Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်

CRD-CELE YATKWAT

Comments are closed.