မိခင်တွေသိထားသင့်တဲ့ သားသမီး ဆုံးမနည်းကို ပြောပြလာတဲ့ ချမ်းချမ်း

မိခင်တွေသိထားသင့်တဲ့ သားသမီး ဆုံးမနည်းကို ပြောပြလာတဲ့ ချမ်းချမ်း

အဆိုတော် မလေး ချမ်းချမ်း ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပါ။ သူမက ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ အနုပညာအလုပ်တွေ ကြိုးစား လုပ်ရင်းဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ချမ်းချမ်း က သူ့ရဲ့ သမီးလေး အမှားလုပ်ထားပြီး မတောင်းပန်လို့ သမီးလေး လိုချင်တာ ဝယ်မပေးဘူးဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချမ်းချမ်းက နယ်ပွဲတွေ သီချင်းဆိုရင် အနုပညာကို ကြိုးကြိုးစားစား လုပ်ကိုင်နေတာပါ။ သူမက သမီးလေး မြမိုးဂင်္ဂါ နဲ့ သားအမိနှစ်ပုံရိပ်လေးတွေကို လည်း တစ်ခါတလေ ဖော်ပြပေး တ တ်ပါတယ်။ဒီတစ်ခါမှာတော့ချမ်းချမ်းက သမီးလေးကို အမှားလုပ်ထားရင် ဝန်ခံတတ်ဖို့ ဘယ်လိုသင်ပေးဖြစ်တယ် ဆိုတဲ့အကြောင်းကို ခုလိုပြောထားပါတယ်။

ချမ်းချမ်းက ” ဒီနေ့သမီးလေးကျောင်းကအပြန်အိပ်ယာခင်းလိုချင်တယ်ဆိုလို့ pro 1မှာ လိုက်ဝယ်ပေးခဲ့တယ်…ဖြစ်ပုံက ပိုက်ဆံမရှင်းခင်အထုပ်ကိုဖောက်လိုက်တယ်..မဖောက်ရဘူးလို့ပြောထားတဲ့ကြားကဖောက်ကြည့်လိုက်တယ်..ကိုယ်မှားသွားရင်ဆောရီးလို့ပြောရမယ်..ဆိုတာသူ့ကိုသင်ထားတယ်..ဒါပေမဲ့ sorry မပြောဘဲမသိသလိုနေတဲ့အတွက် သူ့ပါးစပ်က sorry လို့မပြောမချင်းအိပ်ယာခင်းကို မဝယ်ပေးဘူးလို့ပြောတော့..ရတယ်..သူမယူတော့ ဘူး..တဲ့..ok.လေ..မယူဘူးဆိုလဲရတယ်..သမီးလေး..မေမေကတော့ ကိုယ်မှားတာကိုကိုယ်ဝန်မခံသ၍။လိုချင်တာမဝယ်ပေးနိုင်ဘူးလို့ပြောလိုက်တယ်..သူများတွေတော့ မသိဘူး..ကျ ကေ တာ့သမီးလေးကို အဲ့လိုသင်ပေးထားတယ်..လူဆိုတာ ကိုယ်လုပ်တာကိုယ်မှားရင် ဝန်ခံရဲရမ ယ်..ဒါမှသူတပါးကခွင့်လွှတ်မယ်..မဟုတ်ရင်လုံလောက်တဲ့အကြောင်းပြချက်..ညိုနှိုင်းချက်ပေး မှရမယ်လို့ ကျမထင်တယ်..တခြားမေမေတို့ရော..ဘယ်လိုထင်လဲကလေးမှ မဟုတ်ပါဘူး..လူကြီးတေလဲကိုယ်မှားရင်ဝန်ခံရဲရမယ်..အရင်တုန်းကကိုယ်လဲသိပ်ခေါင်းမာခဲ့ဖုူးလို့ ကိုယ့်သမီးအလှည့်ရသလောက်သင်ပေးနေမိတယ်။” ဆိုပြီးပြောထားပါတယ်။

ချမ်းချမ်း က သမီးလေးကို အမှားလုပ်ထားရင် ဝန်ခံတတ်ဖို့သင်ပေးတယ်လို့ပြောထားသလို သူမလိုအရင်တုန်း က သိပ်ခေါင်းမာခဲ့ဖုူးလို့ သမီးအလှည့်ရသလောက်သင်ပေးနေမိတယ် လို့လည်း ပြောထားပါသေးတယ်။

အဆိုတော် ချမ်းချမ်း က သူ့ရဲ့သမီးလေးကို ဘယ်လိုဆုံးမတယ်ဆိုတဲ့အကြောင်းပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတ င် ရှိပါတယ်နော်

credit – momolay

Comments are closed.